13

230 16 0
                                    

"အဘိုးပြန်​ရောက်ပြီလား အ​ဒေါ်ကြီး"

"မ​နေ့ကဖုန်းဆက်​တော့ အ​ရေး​​ပေါ်အစည်းအ​​ဝေးတစ်ခုနဲ့အလုပ်ကိစ္စတစ်ခုရှိလို့ ​နောက်၄ရက်​လောက်ထပ်ကြာမယ်​လို့ပြောပါတယ် ဥက္ကဌ​လေး"

"အင်း...ကျွန်​တော်နား​တော့မယ်"

"မနက်စာပြင်​ပေးရမလား ဥက္ကဌ​လေး"

"မပြင်​ပေးနဲ့ ကျွန်​တော်မစားချင်လို့"

​ပြောပြီးပြီးချင်း အိမ်ပေါ်​ပြေးတက်သွားတဲ့​ယွန်းဂီကိုအိမ်အကူအ​ဒေါ်ကြီးက အထူးအဆန်းနဲ့ကြည့်​နေသည်။ပုံမှန်ဆို​နေဖင်ထိုးတာ​တောင်မနိုးတဲ့ ဥက္ကဌ​လေးကမနက်၆နာရီ အိမ်ပြန်လာပြီး ဒီ​နေ့မှအိမ်ပြန်လာတာလည်းဖြစ်သည်။အခုမှသူတို့လည်းနား​အေးရ​တော့မှာ။ဥက္ကဌကြီးကတစ်​နေ့ကိုဆယ်ကြိမ်​လောက်သူ့​မြေး​လေးပြန်မလာ​သေးဘူးလားပဲဖုန်းဆက်​မေး​နေလို့ မလာ​သေးပါဘူး​ဖြေရတာအာ​တွေလည်း​ညောင်းလှပြီ။

​ယွန်းဂီအခန်းထဲ​ရောက်​တော့ ပိတ်ထားတဲ့ပြတင်း​ပေါက်​တွေကိုအကုန်လိုက်ဖွင့်ပြီး​ အသက်ဝဝရှူလိုက်သည်။ဒီ​နေ့မနက်ဟိုဟာ​လေးမနိုးခင် သူအရင်ဦး​အောင်ထပြန်လာသည်။မမလည်းဒီ​နေ့အိမ်ပြန်​ရောက်မှာဆို​တော့ မိုးမလင်းခင်တည်းကထပြန်လာလိုက်သည်။​အခုမောင်နှမနှစ်​ယောက်လုံးနဲ့​တွေ့ဖို့ သူအဆင်မ​ပြေ​သေး​ဘူး။

​​ယွန်းဂီမနက်ခင်းလေ​ကောင်းလေသန့်​တွေရှု​နေတုန်း အ​တွေးထဲပြန်​ပေါ်လာပြန်သည့် မ​နေ့ညကအဖြစ်အပျက်များ​ကြောင့် သက်ပြင်းချရင်းသာ​ခေါင်း​ကိုဆွဲဖွမိ​တော့သည်။

မ​နေ့ည  11:25ဝန်းကျင်ခန့်

​ယွန်းဂီ အကိုက်ခံလိုက်ရတဲ့လက်ကိုငုံကြည့်လိုက်​တော့သွားရာကြီးကအကွင်းလိုက်။​ဘေးကငမူးလေးက​တော့ သူ့ကိုကိုက်ပြီးရယ်​နေတာများ တဟီးဟီးတဟားဟားနဲ့။မူး​နေတဲ့လူနဲ့ဖက်ပြီးစကားမများချင်တာမို့ ဘာမှပြန်မ​ပြောပဲအိမ်ကိုသာမြန်မြန်​မောင်းလာလိုက်​သည်။အိမ်​ရောက်​တော့ ​ဘေးကဟာ​လေးက​ခေါင်း​တောင်မ​ထောင်နိုင်​တော့ပဲလုံးဝအိပ်​ပျော်​နေပြီ။မထူး​တော့တဲ့အဆုံး သူပဲချီပြီးအခန်းထဲသို့လိုက်ပို့ရသည်။အဲ့အထိကဘာမှမဖြစ်​သေးဘူး..အခန်းထဲ​ရောက်မှပြသနာကစသည်။

Freaky Couple(completed)Where stories live. Discover now