Part -3

918 72 38
                                    

# Unicode #

ထိုနေ့က ပြောခဲ့တဲ့ ကောင်လေးက သူ့စကားအတိုင်း...ဂျောင်ဂုနဲ့ ဒုတိယအကြိမ် တွေ့ဆုံမှုက အနီးစပ်ဆုံး သူတွေ ဖြစ်‌စေခဲ့၏။

ပါးပါးတို့ ဆန္ဒမို့ သူမငြင်းဆန်နိုင်...သိသိချင်း သူလက်ခံဖို့ တွန့်ဆုတ်နေမိသည်။ သူက သာမန် ယောကျာ်းလေးမှ မဟုတ်တာ...ပြီးတော့ ရေရှည် ယောကျာ်းတစ်‌ယောက်က သူ့လို့ ဆွံ့အနားမကြား တစ်ယောက်ကို လက်တွဲနိုင်ပါ့မလား...အဆုံးသတ်မကောင်းရင် အထိခိုက်ဆုံး ဖြစ်မှာသူဘဲလေ..ဒါပေမဲ့ ပါးပါးနဲ့ မားမားက..အဲ့ကောင်လေးကို ယုံကြည်နေတယ် ထင်တယ်..သူ့ကို အဲ့ကောင်လေးနဲ့ ဘဲ စိတ်ချတယ်တဲ့....

သူလက်မခံချင်တဲ့ အကြောင်း ပါးပါးတို့ကို စာရေးပြီး ပြောပြတော့....ပါးပါးတို့က ငိုတယ်လေ...သူတို့မရှိတော့ရင် သူတစ်ယောက်တည်း ကျန်ခဲ့ရမဲ့ အဖြစ်မျိုးမလိုချင်ဘူးတဲ့....သူတို့တိမ်းပါးသွားရင်....သူဒုက္ခတွေနဲ့ အန္တရာယ်တွေ တွေ့မှာကို ပါးပါးတို့ စိုးရိမ်တယ်တဲ့....ဒီတော့ သူဘယ်လို လုပ်လွန်ဆန်နိုင်တော့မလဲ.....သူကမွေးတည်းက ပါးပါးတို့ စိတ်ပူအောင် လုပ်ခဲ့နေတာချည်းဘဲလေ..အချိန်ပြည့် သူ့ကို ကြည့်ပြီး စိတ်ပူလွန်းလို့ အမြဲ သက်ပြင်းတွေ ချချနေတာ သူသိတာပေါ့....

မားမားကလည်း.....အလုပ်တောင်ဖြောင့်အောင်မလုပ်နိုင်ဘဲ..တစ်ပတ်မှာ ငါးရက်လောက်က သူ့အနားကနေ မခွာဘဲ..စောင့်ရှောက်တတ်တာလည်း..သူအသိ...သူထပ်ပြီး မိဘတွေ စိတ်မပူစေချင်တော့...ပါးပါးတို့ကတော့ သူ့ကို ဒုက္ခရောက်စေမဲ့ လူတွေလက်ထဲမထည့်လောက်ပါဘူး....

ဒီနေ့က သူနဲ့ ထိုလူ လက်မှတ်ထိုးလက်ထပ်မဲ့နေ့လေ....လူများ‌ရင်မနေတတ်တာရော တစ်ခါမှ လူများများနဲ့ ထိတွေ့ခြင်းမရှိတဲ့သူ့ကြောင့် ပါးပါးတို့က ရုံးတက်လက်မှတ်ထိုးစေသည်။ပြီးတော့ အလုပ်က ဝန်ထမ်းတွေကိုသာ ညစာကျွေးပြီး..လက်ထပ်ပွဲကို အပြီးသတ်မယ်လို့ ပါးပါးကတော့ပြောတာဘဲ...



တစ်ပတ်!...တစ်ပတ် ဆိုတဲ့ အချိန်တွင်း မှာ ထိုလူက သူဆီ တစ်ခေါက်ဝောာင် ရောက်မလာပေ...မားမားပြောတာဝောာ့..မားမားနဲ့ပါးပါးကို သူ့အနားနေခိုင်းပြီး ထိုလူက သူတို့ရဲ့ ပွဲရုံ လုပ်ငန်းနဲ့ အထည်လုပ်ငန်းရော..ကင်မ်လုပ်ငန်းစုတွေရော တစ်ယောက်တည်း ဦးစီး လုပ်ပေးနေတာတဲ့....တစ်ခါတစ်လေတော့လည်း..သူ ..ထိုလူ့ကို အားကျမိ၏။မိဘတွေကို အထောက်အကူပြုနိုင်တဲ့သားတစ်ယောက်မဟုတ်လား...သူကတော့..အားကိုးမရဘဲ..အစောင့်ရှောက်ခံနေရတဲ့ဘဝလေ...လောကကြီးက သူ့အပေါ်ကွက်ပြီး ရက်စက်နေသလားလို့တောင် ထင်မိသည်။


Dear Ko Ko ( Complete)Where stories live. Discover now