Part-9

657 55 50
                                    

# Unicode #

" ခဏလေး..စောင့်ပါအုံး ကိုကို...မောင်...ခေါင်းလေးဖီးပါရစေအုံးကွာ.."

ဒီနေ့ ပိတ်ရက်မို့..အိပ်ရမယ် မထင်နဲ့ ကင်မ်ဂျောင်ဂုတို့က အစောကြီးတည်းက နိုးပြီး ကစားကွင်းသွားဖို့ တာဆူနေလို့..သူမှ ထပြီး ပြင်ဆင်နေရသည်။ အခုလည်း ခေါင်းဖီးနေတာကို အနားကနေ မျက်လုံးဝိုင်းကြီးတွေနဲ့ ကြည့်ကာ အမြန်လုပ်ခိုင်းနေ၏။ဒီနေ့မှ ကိုကိုက အရမ်းချစ်ဖို့ကောင်းနေတော့..ထယ်ယောင်းလည်း..လိုက်မပို့ချင်တော့ပေ...ဆင်စွယ်ရောင် ဆွယ်တာလေးနဲ့...အဖြူရောင် ဘောင်းဘီလေးဝတ်ထားတဲ့ ကိုကိုက အဝတ်ပုံထဲမြှုပ်နေပေမဲ့...ချစ်ဖို့ကောင်းလှ၏။

ဆံပင်ကို အလယ်ကနေခွဲကာ ဘေးသို့ သို့ပို့ထားတာကြောင့် မျက်နှာဝိုင်းဝိုင်းလေးက ပေါ်လွင်နေပြီး..နှုတ်ခမ်းနီနီရဲရဲလေးနဲ့ အသည်းယားဖို့ကောင်းသည်။

" ကိုကိုရာ...မောင် လိုက်တောင် မပို့ချင်တော့ဘူး...ကိုကိုအရမ်းလှနေတော့ စိတ်မချတော့လို့.. "

သူ့စကားကြောင့်...နှုတ်ခမ်းလေးစူသွားတဲ့ ကိုကိုက မကြည်ကြည့်လေး ကြည့်လာ၏။ကိုကိုတကယ်သွားချင်နေမှန်းသိပေမဲ့...သူက သဝန်တိုနေတာလေ...

*~.လိုက်ပို့ပါ မောင်...ကိုကို သွားဖူးချင်လို့ပါ...မောင်ဘဲ ကတိပေးထားတယ်လေ..ကိုကို မခေါ်ဘဲနေလိုက်မှာနော်.~*

ကိုကိုရေးပြတဲ့စာကို ဖတ်ပြီး ထယ်ယောင်း ပြုံးလိုက်မိ၏။ကိုကိုက ထယ်ယောင်းကို မပြည့်ဘဲ နှုတ်ခမ်းလေးဆူထားသည်။

*~.မောင် လိုက်ပို့ပါမယ်..နှုတ်ခမ်းလေးဆူမထားပါနဲ့..စိတ်မထိန်းနိုင်ရင်..ကိုကို အိပ်ရာထဲက မထနိုင်ဖြစ်သွားမယ်နော်.~*

ထယ်ယောင်းရဲ့ စာကို ဖတ်ပြီး ကိုကိုရဲ့ နားရွက်ဖျားလေးတွေ ရဲသွားသည်။ ကင်မ်ဂျောင်ဂုတို့က ရှက်ရင် နားရွက်လေးတွေက အစ နီရဲနေတတ်တာ..ပန်းသီးလေးတစ်လုံးလို...

" လာ..သွားကြမယ်.. "

ထယ်ယောင်း ကိုကို့ရဲ့ လက်ကို ကိုင်ပြီး အောက်ထပ်ဆင်းလာကာ..မနက်စာစားလိုက်သည်။ပြီးမှ မာမီတို့ကိုပြောပြီး..ကစားကွင်းထွက်လာခဲ့၏။

Dear Ko Ko ( Complete)Where stories live. Discover now