Part -30

761 53 31
                                    


# Unicode #

ကိုကို့ဆန္မပါဘဲ ရယူတာ အချိန်တစ်ခုကြာမှာတော့ ထယ်ယောင်းပြီးမြောက်သွား၏။ကိုကို့ကိုကြည့်လိုက်တော့ မျက်ရည်တွေနဲ့ အိပ်ပျော်နေပြီ ...

" ပြွတ်စ်! မောင် တောင်းပန်ပါတယ် ကိုကို~..မောင့်အမှားကို မောင်ပြင်တော့မှာမလို့ ကိုကိုက ခွင့်လွှတ်ပေးပါ.. "

သူ့လက်ချက်ကြောင့် ဖုရောင်နေတဲ့ နှုတ်ခမ်းသားလေးကို ဖွဖွလေးနမ်းရှိုက်ကာ အိပ်ပျော်နေပြီဖြစ်တဲ့ ကိုကို့ရဲ့ မျက်နှာလေးကို တစိုက်မတ်မတ်ကြည့်ပြီး ထယ်ယောင်း ပြောလိုက်သည်။

ပြီးမှ ကိုကိုမနိုးအောင် အသာပွေ့ချီပြီး ဆိုဖာပေါ်ခဏတင်ထားကာ အိပ်ရာခင်း ကိုချွတ်ပြီး အသစ်လဲလိုက်၏။လဲပြီးမှ ကိုကို့ကို ပြန်ပွေ့ချီလိုက်ပြီး အိပ်ရာပေါ် ချပေးကာ သန့်ရှင်းရေးလုပ်ပေးပြီး အဝတ်စားပြန်ဝတ်ပေးလိုက်သည်။

အားလုံးပြီးစီးပြီးနာရီကိုကြည့်လိုက်တော့ ညနေငါးနာရီဖြစ်နေပြီ....ကိုကိုနိုးလာရင် တစ်ခုခုစားလို့ရအောင် အောက်ထပ်ဆင်းပြီး ဒေါ်ကြီးဂျူးတို့ကို ဆန်ပြုတ်လုပ်ခိုင်းထားပြီး အခန်းထဲပြန်ဝင်လာလိုက်တော့ ပုခက်ထဲက သမီးငယ်က နိုးနေပြီ...သူ့ကိုမြင်တော့ မျက်လုံးဝိုင်းဝိုင်းကြီးတွေနဲ့ကြည့်ကာ ပြုံးပြလာ၏။

နူးနူးလေးရဲ့ ပုခက်နားကိုသွားကာ နူးနူးလေးကို ချီလိုက်ပြီး...ချော့မြူလိုက်သည်။အခန်ူခွဲနေတဲ့ရက်တွေမှာ သမီးနဲ့ တွေ့ရသည်က ရှားတာကြောင့် ထယ်ယောင်း လွှမ်းနေမိသည်။ ကိုကိုနဲ့ တူတဲ့ သမီးမို့ အရာအားလုံးထက် ပိုချစ်ကာ မြတ်နိုးတန်ဖိုးထားတာ သူသာအသိဆုံး... သမီးကို မွေးဖွားမိလို့ သူ့မှာနောင်တဆိုတာမရှိ..သမီးရဲ့ ဖြစ်တည်မှုကြောင့် သမီးကို လက်မခံနိုင်တဲ့စိတ်လည်း မဖြစ်ပေါ်မိ...

အမှန်တိုင်းပြောရရင် သူ့ရင်သွေးတွေကို ကြောက်ဖို့ကောင်းတဲ့ လောကကြီးကို မပေးလိုတာကြောင့်သာ ကိုကို့ကို တားဆေးတိုက်မိတာ ... သာမန်လူတွေတောင်ရှင်သန်ရပ်တည်ဖို့ခက်နေတာ ကိုကို့လို ကလေးတွေဆိုရင် ပိုပြီးတောင်မှ ခက်ခဲသေးသည်။အဲ့‌ဒါကြောင့် ထယ်ယောင်း တားဆေးတိုက်မိတာပါ... deaf-mute ဘဝမျိုးနဲ့ မွေးဖွားလာမဲ့အစား မယူတာကပိုကောင်းတယ်လို့သူထင်မြင်မိခဲ့တာ..

Dear Ko Ko ( Complete)Where stories live. Discover now