Part -31

730 50 41
                                    

#Unicode #

" ဂျောင်ဂု!.. ဂျောင်ဂုလေး..! ဆရာ~...ဆရာ~...အစ်မချယ်..ဒီမှာ ဂျောင်ဂုလေး မူးလဲသွားလို့.! "

ဂျူး လဲကျနေတဲ့ ကိုယ်လေးကို ရင်ခွင်ထဲထည့်ပြီး အော်ဟစ်ခေါ်နေမိသည်။

" သား! ဂျောင်ဂု ! သတိထားအုံးလေ..ဂျောင်ဂု! "

ပါးပြင်လေးကို ဖွဖွပုတ်ပြီးနိုးတော့ လည်း လည်တိုင်လေးစောင်းပြီး ပြုတ်ကျသွား၏။

~

~

~

ဂျုးရဲ့ အော်ခေါ်သံကြောင့် ထယ်မင်တို့ရောက်လာပြီး family doctor ကို ဖုန်းဆက်ခေါ်ကာ ချက်ချင်းလာကြည့်ပေးဖို့ ပြောရ၏။

" ဒေါက်တာ အခြေနေ ဘယ်လိုလဲ.. ဘာမှ ကြီးကြီးမားမား ဖြစ်တာမဟုတ်ဘူးမလား.."

ဆရာဝန်က စမ်းသပ်လို့ပြီးတော့ ပစ္စည်းတွေ သိမ်းနေသဖြင့် ထယ်မင်က မေးလိုက်သည်။

ဘေးနားမှာ ချယ်ယောင်းနဲ့ ဂျုးလည်းရှိနေ၏။

" လူနာက အရမ်းအားနည်းနေတယ်..ပြီးတော့ ရောဂါဒဏ်လညး မခံနိုင်ဘူး..ပိုဆိုးတာက ကိုယ်ဝန်ရှိနေတော့ အသက်အန္တရာယ်စိုးရိမ်ရတယ်.."

" ဗျာ! "

" ရှင်! "

ဆရာဝန့် စကားကြောင့် ထယ်မင်တို့ အံ့ဩသွားရ၏။

" ရောဂါ! "

" ကိုယ်ဝန်! "

" အသက်အန္တရာယ်စိုးရိမ်ရတယ်!! "

သူတို့နှုတ်ဖျား ကနေ တစ်ခွန်းစီပြန်မေးမိကြသည်။ဘာတွေမှန်းမသိအောင် နားရှုပ်သွား၏။

" ဒေါက်တာ..ကြှနျဝောာျတို့ကို သေချာနားလည်အောင် ရှင်းပြပါအုံး.."

" လူနာမှာ..နှလုံးရောဂါဖြစ်နေတာ မသိကြဘူးလား..စိတ်ထိခိုက်စရာတွေရှိလို့လားမသိဘူး အခြေနေဆိုးတယ်..ပြီးတော့ ကိုယ်ဝန်လည်း တစ်လလောက်ရှိနေပြီ..သူ့ရောဂါက ဆိုးတဲ့ဘက်ကို သွားနေတာကြောင့် ကလေးမွေးရင် အထိခိုက်များနိုင်တယ်.."

" တကယ်လား ဒေါက်တာ..နှလုံးရောဂါက အခုမှ ဖြစ်တာမဟုတ်ဘူးလား.."

" မဟုတ်ဘူး..ကြည့်ရတာ လူနာ့မျိုးရိုးထဲမှာနှလုံးရောဂါဖြစ်ဖူးတဲ့သူရှိတယ်ထင်တယ်.."

Dear Ko Ko ( Complete)Where stories live. Discover now