Dear Ko Ko's Reasons Of Creation

1.1K 45 44
                                    


#Unicode #

" Dear Ko Ko " fic လေးက ကောင်းကောင်းမွန်မွန်နဲ့ ပြီးမြောက်သွားပါပြီ..သဲငယ်လေးတို့ Dear Ko Ko လေးက သဲရဲ့ စတုတ္ထမြောက် ဖန်တီးမှုလေးပါ..

ဇာတ်လမ်းအစ plot ချပြီးတည်းက သဲက SE လုပ်ဖို့ တွေးခဲ့တာပါ.. သဲကိုယ်တိုင်လည်း SE ကိုမကြိုက်ပေမဲ့ ရင်ထဲနင့်အောင်ခံစားရတဲ့ SE တွေကိုတော့ တစ်ခါဖတ်ပြီး ရင်ထဲသိမ်းထားတတ်တဲ့အကျင့်ရှိပါတယ်..ပထမဆုံးအနေနဲ့ SE လေးကို ဖန်တီးကြည့်မယ်ဆိုပြီး စိတ်ကူးရလို့ပါ...

တကယ်ဆို သဲက Ray of my life လေးကို SE လုပ်ဖို့တွေးခဲ့ပေမဲ့ ကူးငယ်လေးက အစတည်းက ချစ်ရသူရဲ့ အမုန်းကို ခံရတဲ့ကြားတည်း SE လုပ်လိုက်ရင် သူ့အပေါ်မတရားသလိုခံစားရလို့ပါ...ဒါ့ကြောင့် နောက်တစ်ပုဒ်မှ SE လုပ်မယ်ဆိုပြီးတွေးခဲ့တာပါ..

Magic Of Love လေးကိုတော့ နှစ်ပိုင်းသုံးပိုင်းလောက်ဘဲ ဒရမ်မာခင်းထားပြီး ကျန်တာက ပေါ့ပေါ့ပါးပါးလေးဘဲ ရေးပေးခဲ့ပါတယ်..

Dear Ko Ko လေးရေးဖြစ်ရတာက သဲရဲ့စိတ်ကူးထဲ အချစ်ရဲ့ ပုံစံအမျိုးမျိုးကို ပုံဖော်လို့ရမဲ့ ဇာတ်လမ်းလေးတစ်ခု တွေးမိခဲ့လို့ပါ..

ရိုးရှင်းပါတယ်..သဲတို့ သာမန်လူတွေမှာလည်း အချစ်ရှိသလို ..ကိုကို့ လို deaf-mute တွေမှာလည်း အချစ်ရှိပြီးခံစားချက်တွေရှိကြောင်းပြချင်လို့ပါ...သဲတို့က ချစ်ရင်ချစ်တယ် မုန်းရင်မုန်းတယ် ဖွင့်ပြနိုင်ပေမဲ့ deaf-mute တွေကတော့ တော်ရုံဖွင့်မပြနိုင်ကြဘူးလို့ထင်ပါတယ်..ခေတ်မီကိရိယာတွေသုံးနိုင်တဲ့ deaf-mute တွေကတော့ သာမန်လူလိုလိုက်လျောညီထွေနေနိုင်ပေမဲ့ အကူကိရိယာမပါတဲ့ deaf-mute တွေကတော့ လောကကြီးထဲမှာ ဘေးကွဲထွက်နေတဲ့ အမှုန်အမွှားလေးတွေလိုတည်ရှိနေကြောင်း မက်ဆေ့ခ်ျလေးပေးချင်လို့ပါ...


သဲတို့ သာမန်လူတွေက ချို့ယွင်းချက်ရှိတဲ့လူတွေကို နားလည်ပေးနိုင်တယ်လို့ ကိုယ့်ကိုယ်ကို ခံယူထားပေမဲ့ လက်တွေ့မှာတော့ လူအနည်းစုသာ သူတို့ကို တကယ်နားလည်ပေးနိုင်ပါတယ်..ဥပမာ- မောင့်ရဲ့ ကာရိုက်တာ သဘာဝကိုကြည့်ရုံနဲ့သိနိုင်ပါတယ်...


Dear Ko Ko ( Complete)Where stories live. Discover now