Part -21

547 48 45
                                    


# Unicode #

" သားထယ်..ကားကိုဂရုစိုက်မောင်းနော်..."

"ဟုတ်ကဲ့မာမီ.."

" ဘွားမြေးလေး...ပျော်ပျော်လည်ခဲ့နော်..မွ! ! တစ်နေ့လုံးလွှမ်းနေရတော့မှာဘဲ...မွ!.. "

ချယ်ယောင်းက နူးနူးရဲ့ပါးဖောင်းဖောင်းလေးကို နမ်းပြီး ဂျောင်ဂုလက်ထဲထည့်ပေးလိုက်သည်။

" မာမီ...ဒယ်ဒီ...သွားပြီနော်.."

ထယ်ယောင်းက ဂျောင်ဂုနဲ့ သမီးလေးကို ကားတံခါးဖွင့်ပြီးထိုင်ခိုင်းလိုက်ကာ မာမီတို့ကိုနှုတ်ဆက်ပြီး.. drive seat နေရာသွားထိုင်ပြီးကားမောင်းကာ ထွက်သွားလိုက်၏။

သမီးလေးအတွက် ကားစီးရင်ထိုင်ရသည့် ထိုင်ခုံဝယ်ပေးထားသော်လည်း ကိုကိုက သမီးလေးကို ပွေ့ပြီးထိုင်နေတာကြောင့် ထယ်ယောင်းလည်း ဘာမှမပြောတော့ပေ....ခဏကြာတော့ နူးနူးလေးက ကိုကို့ရဲ့ရင်ခွင်ထဲမှာပင်အိပ်ပျော်သွားပြီ...

တိရိစ္ဆာန်ဥယျာဉ်က အတော်ဝေးတာမို့ လေးဆယ့်ငါးမိနစ်လောက်မောင်းရသည်။ ကိုကိုကတော့ ရင်ခွင်ထဲက သမီးလေးအေးနေမှာစိုးလို့ စောင်‌ပါးလေးထုတ်ကာခြုံပေးထားပြီး..ပတ်ဝန်းကျင်ကိုကြည့်ကာ စူးစမ်းနေ၏။ထယ်ယောင်းလည်း ကားကိုသာဂရုစိုက်နေလိုက်သည်။


တိရိစ္ဆာန်ဥယျာဉ်ရောက်တော့...ထယ်ယောင်း ကားပါကင်ထိုးပြီး ကားပေါ်က ဆင်းကာ ကိုကိုတို့ ဘက်သွားပြီး ကားတံခါးဖွင့်ပေးလိုက်သည်။နူးနူးလေး တစ်လမ်းလုံးအိပ်လာတော့ အိပ်ရေးဝပြီး..နိုးနေပြီ...ကိကို့လက်ထဲက နူးနူးလေးကို ထယ်ယောင်းက ယူပြီးချီလိုက်တော့ ကိုကိုက ကားနောက်ခန်းထဲက နူးနူးလေးရဲ့ အသုံးဆောင်ပစ္စည်းလေးတွေ ထည့်ထားတဲ့အိတ်ကို လက်တစ်ဖက်က ကိုင်ကာ..ကျန်တစ်ဖက်က ထယ်ယောင်းရဲ့ လက်မောင်းတစ်ဖက်ကို ချိတ်ပြီး တိရိစ္ဆာန်ဥယျာဉ်ထဲဝင်သွားကြ၏။

အဝင်ဝမှာ ဝင်ခွင့်လက်မှတ် လူကြီးနှစ်စောင်ကိုဖြတ်လိုက်သည်။နူးနူးလေးက လသားလေးမို့ လက်မှတ်ဖြတ်စရာမလိုပေ...

ရုံးပိတ်ရက်မို့ တိရိစ္ဆာန်ဥယျာဉ်မှာ လာလည်တဲ့လုတွေများနေ၏။ တစ်ခါမှ လူများများနဲ့ မနေဖူးတဲ့ နူးနူးလေးက ပင်ကိုမျက်လုံးဝိုင်းလေးတွေနဲ့ စူးစမ်းပြီးလိုက်ကြည့်နေသည်။

Dear Ko Ko ( Complete)Where stories live. Discover now