Part -16

561 51 27
                                    

# Unicode #

*~.ကိုကိုရယ်..မောင် မလိုက်ပို့ပေးချင်လို့မဟုတ်ပါဘူး..ကိုကို့ကိုယ်ဝန်က လတော်တော်ရင့်နေပြီလေ..လူများတဲ့နေရာသွားတော့ ကိုကို့ထိခိုက်သွားမှာစိုးလို့ပါ...~*

ညဈေးတန်းသွားချင်တယ်ဆိုပြီး ဂျီကျနေတဲ့ကိုကို...အခုကိုယ်ဝန်က ရှစ်လတည်းဝင်နေပြီ.....ညဈေးကလူထူကထူနဲ့ မတော်လို့ ဝင်တိုက်မိကာမှ တစ်ခုခုဖြစ်သွားရင် ထယ်ယောင်းဘဲ ရင်ကျိူးရမှာ...မသွားခိုင်းဝောာ့နှုတ်ခမ်းလေးဆူကာ ကောက်ချိတ်နေတဲ့ ကိုကို..ကလေးလေးကျနေဝာာဘဲ..ဒီလိုဆူပုတ်နေဝာာ မသိရင် သူက လူဆိုးကြီးကျလို့...

*~.မောင်ရှိနေတာဘဲ ငါက ဘာဖြစ်နိုင်မှာမလို့လဲ..မောင်က ငါ့ကို စောင့်ရှောက်ပေါ့..နော်လို့ မောင်..ကိုကို့ကို လိုက်ပို့ပါနော်...ကိုကိုသွားချင်လို့ပါ.~*

ထယ်ယောင်း ကိုကို့ရဲ့စာကိုဖတ်ပြီး မျက်နှာက ပြုံးချင်ချင်ဖြစ်သွားသည်။ကိုကိုက စာရေးရင် သူ့ကိုယ်သူ ငါလို့အများအားဖြင့်သုံးတတ်ပေမဲ့..ကိုကိုလို့သုံးတဲ့အခါမျိုးဆို သူကိုချွဲနေတာပင်...ကိုကိုက စာရေးရင် သူ့ကို မောင်ကနေ မင်းလို့သုံးပြီး သူ့ကိုယ်သူငါလို့ ရေးလိုက်တိုင်း ဆက်စပ်လို့မရတဲ့နာမ်စား မင်းနဲ့ငါပေမဲ့ ထယ်ယောင်းသဘောကျ၏။အများတွေသုံးတဲ့ နင်နဲ့ငါ..မင်းနဲ့ ကိုယ် အဲ့နာမ်စားတွေထက် ကိုကိုသုံးတဲ့ နာမ်စားလေးတွေကို သဘောကျသည်။စကားသာပြောတတ်ရင် အသေချစ်ဖို့ကောင်းမှာ..ကိုကိုလို့သုံးလိုက်ရင်လည်း ရင်ထဲမှာ လိပ်ပြာတွေ ဝဲပျံသွားသလိုပင်..

*~.ဟုတ်ပြီ မောင်လိုက်ပို့မယ်....ဒါပေမဲ့ မောင့်ဘေးနားမှာဘဲနေရမှာနော် ပြီးရင် မောင့်စကားနားထောင်ရမယ်နော်..~*

" ဖြေးဖြေးကိုကို..အမယ်လေး..ကိုကိုရယ် လဲပါ့မယ်.."

ထယ်ယောင်းစာကိုဖတ်ပြီး ဂျောင်ဂုက ခေါင်းတဆက်ဆက်ငြိမ့်ပြကာ ကုတင်ပေါ်က လစ်ခနဲဆင်းပြီး...အနွေးထည်သွားဝတ်သဖြင့် ထယ်ယောင်းမှာ သတိထားဖို့အော်ပြောလိုက်ရသည်။

သူ့အတွက်လည်းအ‌နွေးထည်အထူကြီး ယူပေးလာတာကြောင့် ဝတ်ပြီး ကားသော့ယူကာ ကိုကို့ကို တွဲပြီး အောက်ထပ်ဆင်းလာခဲ့လိုက်သည်။

Dear Ko Ko ( Complete)Where stories live. Discover now