Part -19

554 45 17
                                    

# Unicode #

ဆေးရုံမှာ တစ်ပတ်လောက်နေပြီးမှ ဆင်းခွင့်ရခဲ့၏။တစ်ပတ်လုံး..ထယ်ယောင်းလည်း..အလုပ်မသွားဘဲ ဆေးရုံမှာဘဲနေကာ...ဂျောင်ဂုတို့သားအဖကို စောင့်ရှောက်ခဲ့သည်။ဟာနူးလေးကိုလည်း..အချိန်ပြည့် တပွေ့ပွေ့တချီချီနဲ့မို့...လက်ကြိုက်သွားမှာဆိုးလို့..ချယ်ယောင်းတို့မှာတားယူရသည်။

အချစ်တော်လေး ဟာနူးလေးက ကုတင်ပေါ်အချခံရတာဆိုလို့ အိပ်ပျော်ချိန်သာရှိသည်။ထယ်ယောင်းကိုပြောလို့ ခဏလေးကုတင်ပေါ်ချချိန်..ထယ်မင်က ဘိုးဘိုးမြေး‌မလေးဆိုပြီး..ကောက်ပွေ့ပြီးမြူတတ်သလို...ချယ်ယောင်းကလည်း...ချီပြီး‌မြူတတ်သဖြင့်..ကလေးက အမြဲလိုလိုလူကိုယ်ပေါ်မှာ...

ဟာနူးလေးကလည်း...သူတို့ကို မှတ်မိနေပြီဖြစ်တာကြောင့်..သူတို့မြင်တာနဲ့ လက်ပိစိလေးတွေလှမ်းကာ ချီဖို့လုပ်ပြတတ်သည်။အငိုဆိုတာ သိပ်မရှိဘဲ...နို့စို့ချင်ရင် သူ့ရဲ့လက်မလေးကို စုပ်ပြီးပြတတ်၏။အဲ့ချိန်ဆို ကိုကို့ဆီပေးပြီးနို့တိုက်ခိုင်းရသည်။

အခုဆို ဟာနူးလေးနှစ်လပြည့်ပြီ...ချစ်စရာအမူအရာလေးတွေလုပ်တတ်တဲ့ အရွယ်လေးမို့ ထယ်ယောင်း အရမ်းကဲကဲလှုပ်ပြီးသည်းသည်းပိုနေရတဲ့ အချိန်ပေါ့...

" ဟင်...နူးနူး လေးနိုးပြီလား.."

ထယ်ယောင်း အိပ်ရာနိုးတော့ သမီးငယ်က ခြေထောက်တစ်ဖက်ကို လက်တစ်ဖက်ဖြင့်ဆုပ်ကိုင်ကာ ကျန်လက်တစ်ဖက်က ပါးစပ်ထဲထည့်ထားပြီး သူ့ဘာသာတစ်ယောက်တည်းဆော့နေသည်။ပါးစပ်ထဲလက်ထည့်ထားတာကြောင့်..သရေတွေလည်း ကျနေတာတောင် သမီးလေးက ချစ်ဖို့ကောင်းနေတုန်းပင်...ကိုကို့ကိုရှာကြည့်တော့မတွေ့နာကြောင့် သူနဲ့သမီးဖို့ မနက်စာပြင်နေပြီမှန်းသိ၏။ဒေါ်ကြီးဂျုးတို့ လုပ်လိမ့်မယ်ပြောတာတောင်..သူကိုယ်တိုင်လုပ်ချင်လိုပါဆိုပြီး စောစောထပြင်ဆင်တတ်တာကြောင့် ထယ်ယောင်းလည်း မတားနိုင်တော့...

ဟာနူးလေးက ငယ်သေးတာကြောင့် သူတို့အခန်းထဲမှာဘဲသိပ်သည်။

ဟာနူးလေးက ငယ်သေးတာကြောင့် သူတို့အခန်းထဲမှာဘဲသိပ်သည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Dear Ko Ko ( Complete)Where stories live. Discover now