# Unicode #
အားလုံးချက်ပြုတ်ပြင်ဆင်ပြီးသွားတော့...ရေချိုးပြီး..မောင့်ကို ထမင်းသွားပို့ဖို့ပြင်လိုက်သည်။မောင့်မာမီက စိတ်မချတာမို့ အိမ်က ဒရိုင်ဘာနဲ့ မောင့်ကုမ္မဏီကို လိုက်ပို့ခိုင်း၏။
ကုမ္မဏီရောက်တော့...ဒရိုင်ဘာက မောင့် မာမီဝယ်ခိုင်းတာတွေ ဝယ်ဖို့ ထွက်သွားသဖြင့်...သူတစ်ယောက်တည်းသာ မောင့်ကုမ္မဏီတည်း ဝင်လိုက်သည်။ လက်တစ်ဖက်စီတွင် လေးဆင့်ချိုင့် တစ်လုံးစီ ဆွဲထားပြီး... မောင့်ကို ဖုန်းခေါ်တော့လည်း..မကိုင်သဖြင့် စာပို့ထားတာလည်း..seen မပြတာကြောင့်... reception..ကိုသာ သွားလိုက်၏။
သွားသာသွားရတာ သူဘယ်လိုပြောရမှန်းမသိပေ...ပထမဦးဆုံးအကြိမ် အဖော်မပါဘဲ တခြားသူတွေနဲ့ ဆက်သွယ်ရမှာမလား ..
" ဘာများ ကူညီပေးရမလဲ ဧည့်သည်.."
ဝန်ထမ်းမလေးက အပြုံးချိုချိုလေးနဲ့ မေးလာတော့ သူခေါင်းခါပြလိုက်သည်။
"ဘယ်သူ့ကိုတွေ့ချင်လို့လဲ...နာမည်တစ်ချက်ပြောပေးပါနော်..."
ဝန်ထမ်းမလေး ပြောတဲ့စကားကို နားလည်အောင် ပါးစပ်ကိုသာ စိုက်ကြည့်နေလိုက်သည်။ လွယ်တော့မလွယ်..မကြားရနာကြောင့် စူးစိုက်ပြီး ပါးစပ်လှုပ်တာကို ကြည့်နေမိသည်။
" ဘယ်သူနဲ့ တွေ့ချင်လို့ပါလဲရှင်.."
"ဘယ်သူနဲ့တွေ့ချင်လို့ပါလဲ ရှင်.."
*~.........~*
နားလည်သွားတော့....ချိုင့်တွေကို ကောင်တာပေါ်တင်ပြီး အဲ့မှာရှိတဲ့ စာရွက်နဲ့ဘောပင်ယူကာ ရေးပြလိုက်သည်။
*~.မောင့်ကို နေ့လည်စာ လာပို့တာပါ.~*
" မောင်...ဘယ်က မောင်လဲ.."
*~.................~*
ဝန်ထမ်းမလေးက သူ့စာကိုဖတ်ပြီး မျက်မှောင်ကျုံပြီးမေးတော့ သူမှ မကြားရတာ..ဘယ်လိုဖြေရမလဲ.....မျက်နှာကြည့်ရုံနဲ့ သူ့ရေးတဲ့စာအပေါ် နားမလည်မှုတွေနဲ့သူ့ကို စိတ်မရှည်မှုတွေ အတိုင်းသားမြင်နေရသည်။
" ဟဲ့..ကြည့်ရတာ စကားလည်းမပြောတတ်ဘူးထင်တယ်ပြီးတော့ နားလည်းမကြားဖူးလားမသိဘူး.."
YOU ARE READING
Dear Ko Ko ( Complete)
General Fictionမောင်သာ ကိုကို ကို သစ္စာဖောက်ခဲ့ရင်..ကိုကို နာကျင်အောင်လုပ်မိခဲ့ရင်..မောင့်တစ်ဘဝလုံး အထီးကျန်ဆန်ပြီး နာကျင်မှုတွေနဲ့ ရှင်သန်ရပါစေလို့..မောင်..ကျိန်ဆိုတယ်..ကိုကို...( ကင်မ်ထယ်ယောင်း ) ငါက..စွံ့အနားမကြားတစ်ယောက်မို့..ကြာရင် မောင် ငြီးငွေ့လာပြီး ငြိုငြ...