Part -32

722 48 35
                                    


# Unicode #

အချိန်တွေက တဖြေးဖြေး ကုန်လာတာ ဂျောင်ဂုရဲ့ ဗိုက်ကလေးတောင် ငါးလတည်းဝင်နေပြီ ။ ဗိုလ်လုံးလုံးလေးက ဆူထွက်လာသလောက် လူက ပိန်ကျသွားသည်။နှလုံးဆေးတွေရော ကိုယ်ဝန်ဆောင်အားဆေးတွေရော နေ့တိုင်းသောက်နေရတာကြောင့် လူက ဆေးဒဏ် မခံနိုင်တော့ပေ....

နဂိုက အနေအေးတတ်သူက အခုတော့ ပိုလို့တောင် အနေအေးသွား၏။စာရေးပြီး စကားပြောခြင်းလည်း သိပ်မလုပ်တော့သလို သူတို့စာရေးပြီးမေးရင်တောင် ခေါင်းငြိမ့်ခေါင်းခါလောက်သာ လုပ်ပြတတ်သည်။တစ်ခါတစ်လေ ငေးငိုင်နေသလို တစ်ခါတစ်လေ ငိုနေသည်။တစ်ခါတစ်လေတော့လည်း ခံစားချက်မရှိတဲ့သူလို နေနေတတ်၏။

နူးနူးလေးကလည်း သူ့ပါးပါးမျက်နှာမကောင်းတာသိပြီး အရင်ကလောက် မဆော့တော့ဘဲ ဆိတ်ဆိတ်နေတတ်လာသည်။ဒီတော့ ကင်မ်အိမ်တော်က တိတ်ဆိတ်ငြိမ်သက်ခြင်းတွေနဲ့ နေရာယူနေတော့သည်။နွေရာသီမို့ သာသာယာယာနဲ့ ပျော်ရွှင်စရာတွေပြည့်နေပေမဲ့ ကင်မ်အိမ်တော်မှာ ဆောင်းရာသီလို တိတ်ဆိတ်မှုသာကြီးဆိုးနေတော့၏။

ချယ်ယောင်းနဲ့ ထယ်မင်လည်း ဂျောင်ဂုလေး စိတ်ချမ်းသာအောင် ထားသော်လည်း စိတ်ဒဏ်ရာရထားတဲ့ ကလေးမို့ ပျော်စရာရှိရင်တောင် မျက်လုံး‌ဝိုင်းဝိုင်းလေးတွေနဲ့သာ ကြည့်နေတတ်သည်။ရယ်စရာရှိရင်လည်း မျက်နှာလွှဲနေတတ်၏။သားထယ်ကို ဖုန်းဆက်ပြီး အမြန်ပြန်လာဖို့ပြောတော့လည်း အခုထိမလာသေး...သားထယ်ကို အပြစ်မြင်လို့လည်း မရဘူးလေ..အလုပ်က သူကိုယ်တိုင်မလုပ်ရင် မရဘူးလေ..အဲ့တော့ ပုံကြမ်းမပေါ်မချင်းပြန်လို့မရ..သူတို့ ဂျောင်ဂုလေးအကြောင်းပြောပြချင်ပေမဲ့ ဂျောင်ဂုက တားထား‌တာကြောင့် ပြောပြလို့လည်းမဖြစ်....ဘာတွေဆက်လုပ်ပေးရမယ်မှန်းမသိတော့ပေ..

* ဂျောင်းဝန်း...သူငယ်ချင်း...ငါ့ကို ခွင့်လွှတ်ပါကွာ...ငါတို့ ကတိမတည်နိုင်ခဲ့ဘူး...မင်းရဲ့သားကို သေချာစောင့်ရှောက်ပေးပါ့မယ်ပြောပြီး..ငါတို့က မစောင့်ရှောက်နိုင်ခဲ့ဘူး...ငါတို့အမှားပါကွာ..ငါတို့သားကို ငါတို့ လမ်းမှန်မပြနိုင်လို့ မင်းတို့သားလေး နာကျင်နေရတာ..ငါတောင်းပန်ပါတယ် ..ခွင့်မလွှတ်ပါနဲ့ သူငယ်ချင်းရာ..*

Dear Ko Ko ( Complete)Where stories live. Discover now