Part -5

870 58 80
                                    

# Unicode #

ထယ်ယောင်း နိုးလာတော့ မျက်လုံးမဖွင့်သေးဘဲလက်တွေနဲ့ အိပ်ရာကိုစမ်းကြည့်တော့ သူ့ဘေးနေရာမှာ လစ်ဟာမှုကိုသာ တွေ့ရသဖြင့် ချက်ချင်းထထိုင်ပြီး ကြည့်လိုက်တော့..ကိုကိုက မရှိတော့ပေ....နိုးလာရင် ကိုကို့ကို ရင်ခွင်ထဲထည့်ပြီး....မနက်ခင်း အနမ်းလေးပေးပြီး ..မနက်ခင်း လေ့ကျင့်ခန်း‌လေးလုပ် ချင်ကာမှ ကိုကိုက စောစောထသွားတော့..ထယ်ယောင်းတို့ ခဲလေသမျှသဲရေကျတာဘဲ....

စိတ်ပျက်ပျက်နဲ့ မျက်နှာကို လက်ဖြင့် ဖိပွတ်ပြီး..ကုတင်ထက် လက်နောက်ပြန်ထောက်ဖို့ လက်ချလိုက်တော့....မာမာအရာတစ်ခုပေါ်ချမိသဖြင့်....ကြည့်လိုက်တော့..စာအုပ်ဖြစ်နေသည်။...စာအုပ်က ညက သူနဲ့ကိုကို စာရေးပြီးပြောနေကြတဲ့စာအုပ်...ထယ်ယောင်းလည်း...စာအုပ်ကို ယူပြီး ဖွင့်ကြည့်လိုက်တော့..

*~.ငါ မင်းကို ချစ်မိနေပြီ ထင်တယ် ....မဟုတ်ဘူး...ကိုကို မင်းကို ချစ်တယ် မောင်.~*

တစ်ကြောင်းတောင် မပြည့်တဲ့ စာလေးပေမဲ့ ထယ်ယောင်း အတွက်တော့..အဖိုးမဖြတ်နိုင်တဲ့ စကားလေးတည်ရှိရာ မျက်နှာပြင်လေး ဖြစ်နေတာကြောင့်..တန်ဖိုးထားမိသည်။



" ကိုကိုက ငါ့ကို ချစ်တယ်တဲ့...ရေး...ကိုကိုက ချစ်တယ်တဲ့..မောင်အရမ်းပျော်တာဘဲ ကိုကိုရယ် ..."

ထယ်ယောင်း ကုတင်ပေါ်ကမဆင်းဘဲ အရူးတစ်ယောက်လို ရယ်ကာ...တစ်ယောက်တည်း အကျယ်ကြီးပြောနေမိသည်။

" ကိုကိုရေ ....ကိုကိုရေ... "

ကင်မ်ဂျောင်ဂုက မနက်စောစော လူကို ရင်အကြီးကြီး နဲ့ အပြင်းစားခုန်အောင် လုပ်ပြီးပျောက်နေတာကြောင့်...တကျော်ကျော်အော်ခေါ်ကာ အခန်းထဲက ထွက်လာခဲ့သည်။လက်ထဲမှာ ကိုကိုရေးထားတဲ့ စာအုပ်နဲ့ ဘောပင်လေးလည်းပါ၏။

"ကိုကို....ကို~...အာ!..ကိုကိုက နားမှ မကြားတာ..ထယ်ယောင်းရာ..မင်းခေါ်တာကို ဘယ်လိုသိမှာလဲ...."

အလောတကြီးခေါ်ပြီးမှ ကိုကို့အကြောင်းသတိရပြီး...မခေါ်တော့ဘဲ ကိုကိုရှိလောက်မည့် မီးဖိုဆောင်ကိုသာ အရင်ထွက်လာခဲ့လိုက်သည်။ရင်ခုန်အောင်လုပ်တဲ့ သူဆီက တန်ရာတန်ကြေးတော့ ပြန်ယူရမှာပေါ့...



Dear Ko Ko ( Complete)Where stories live. Discover now