Part -26

559 42 38
                                    

# Unicode #

ဂျောင်ဂုနဲ့ထယ်ယောင်းတို့ပြင်ဆင်ပြီးမကြာခင် နူးနူးလေးနိုးလာ၏။


" သားထယ်~..သားထယ်..ဒီမှာ မြေးလေးနိုးလို့လာပို့တာ ချယ်ကပြောတယ် မိသားစုတွေအပြင်သွားမလို့ဆို.."

ထယ်မင်က နူးနူးလေးကို ချီထားပြီး အခန်းထဲဝင်လာကာပြောတော့ ထယ်ယောင်းခေါင်းငြိမ့်ပြလိုက်သည်။


"ဟုတ်တယ် ဒယ်ဒီ.. သားတို့ အဝတ်စားသွားဝယ်ရင် လျှောက်လည်ကြမလို့လေ..သမီးလေးကို kids zone ပို့ပေးမလို့ဒယ်ဒီ.."

" ကောင်းတာပေါ့ကွာ.. နူးနူးလေး ကစားကွင်းသွားမဆော့ရတာကြာပြီမလား.."

" ဟုတ် ဒယ်ဒီ..ဒါဆို သမီးငယ်ကို ပြင်ပေးလိုက်တော့မယ်.."

" ဟုတ်ပြီ.."

ထယ်မင်က မြေးမကို ဂျောင်ဂုလက်ထဲထည့်ပေးပြီး အခန်းထဲကထွက်သွားလိုက်သည်။

*~.ကိုကို မောင် သမီးလေးကို အဝတ်လှဲပေးထားလိုက်မယ် ကိုကိုလိုအပ်တာတွေယူပြီး ကားပေါ်တင်ထားနှင့်နော်.~*

ထယ်ယောင်းက စာရေးပြပြီးပြောတော့ ကိုကိုက ခေါင်းငြိမ့်ပြီး သမီးရဲ့ ပစ္စည်းထုတ်ကို ပြန်စစ်ကာ ကားထဲသွားထည့်၏။


" အာဂူးးး ဒယ်ဒီ့ နူးနူးလေးရေ အင်္ကျီလဲပါမယ် ဗျ! "


ထယ်ယောင်းက အိပ်မှုန်စုံဝါးဖြစ်နေတဲ့ နူးနူးလေးရဲ့ ပါးဖောင်းဖောင်းလေးတွေကို နမ်းကာ ပြောလိုက်တော့ မျက်လုံးဝိုင်းဝိုင်းကြီးတွေနဲ့ကြည့်လာသည်။


" လာ.. ဒယ်ဒီ အင်္ကျီချွတ်ပေးမယ်.."


ထယ်ယောင်းက သမီးကို ‌အဝတ်စားတွေချွတ်ပေးပြီး ရေချိုးခန်းထဲခေါ်ကာ တစ်ကိုယ်လုံး ရေပတ်တိုက်ပေးပြီး ကုတင်ပေါ်တင်ပေးထားလိုက်သည်။ပြီးတော့ ကိုကိုရွှေးထားတဲ့ ဂါဝန်လေးကို ယူလိုက်တော့ မျက်နှာလေးရှုံ့မဲ့ပြီးကြည့်လာတဲ့နူးနူးလေး



" ဘာဖြစ်လို့လဲ သမီး မဝတ်ချင်ဘူးလား.."


သူပြောတာကို နားလည်တဲ့သမီးက ခေါင်းငြိမ့်ပြသည်။ပြီးတော့ ဂါဝန်ကို လက်ညိုးထိုးကာ ခေါင်းခါပြ၏။ခေါင်းခါတိုင်း ပါးဖောင်းဖောင်းလေးတွေက တုန်တုန်တက်သွားတာကြောင့် ထယ်ယောင်းမှာ အသည်းတယားယားရယ်..

Dear Ko Ko ( Complete)Where stories live. Discover now