Part -11

656 54 34
                                    


# Unicode #

" ကျွတ်!... ကျွတ်!... အားး ခေါင်းကိုက်လိုက်တာ.. "

ညကသောက်တာများသွားတော့.... သူ့ခေါင်းတစ်ခုလုံး ပုရွက်ဆိတ်တွေအုံနေသလို ကိုက်ခဲနေ၏။နားထင်ကိုလက်ဖြင့်ခပ်ဖွဖွဖိပြီး ပတ်ဝန်းကျင်ကိုဝေ့ဝဲကြည့်လိုက်တော့....သူ့အိပ်ခန်းမဟုတ်မှန်းသိလိုက်နာကြောင့် ထထိုင်လိုက်၏။မနေ့ကအကြောင်းကို ပြန်ပြီးစဉ်းစားမိတော့ သူအိမ်မပြန်ရသေးတာသတိရသွားသည်။ ဖုန်းကိုရှာကြည့်တော့လည်း မတွေ့...

" ကျစ်!... ကိုကိုစိတ်ပူနေတော့မှာဘဲ... "


ချက်ချင်း ထပြီး bar ထဲက ထွက်ကာ..ကားထဲဝင်လိုက်တော့ ဖုန်းကိုတွေ့သဖြင့် ယူပြီး ဖွင့်ကြည့်လိုက်သည်။
Miss call ပေါင်းများစွာနဲ့ ကိုကို့ရဲ့ မက်ဆေ့ခ်ျ တစ်သီတစ်တန်းကြီးက ကြိုဆိုနေ၏။သူလည်း ချက်ချင်း ကားကို အရှိန်တင်မောင်းကာ အိမ်သို့ပြန်လာလိုက်သည်။

သူကိုက မှားတာပါ...အခုတော့ ကိုကိုဘယ်လောက်တောင်စိတ်ပူနေမလဲ ဖုန်းထဲက အက်ကြောင်းထပ်နေတဲ့ မက်ဆေ့ခ်ျတွေကိုကြည့်ပြီး ထယ်ယောင်းရင်နာမိသည်။ ကိုကိုငိုတာမကြိုက်တဲ့သူက ကိုကိုကို ငိုအောင်လုပ်မိပြီဆိုတဲ့ အသိနဲ့တင် ရူးဖို့ကောင်းနေပြီ...


စံအိမ်ရောက်တော့...ကားကို ဖြစ်သလိုရပ်ပြီး..အိမ်ထဲပြေးဝင်လိုက်၏။

" ခွေးကောင်...ပြန်လာဖော်ရသေးတယ်နော်.."

သူ့ကိုတွေ့တွေ့ချင်း ဒယ်ဒီက အင်္ကျီလည်ပင်းစကိုဆွဲပြီး ဒေါသတကြီး ပြောလာသည်။

" တစ်ညလုံး ဘယ်တွေ သဝေထိုးနေတာလဲ..ဟမ်!.. ဂျောင်ဂုလေးက မင်းကိုစိတ်ပူနေတာမသိဘူးလား.. အခုထိ အခန်းထဲက မထွက်လာသေးဘူး မင်းကိုစောင့်နေဝာာကွ..မပြောမဆိုဘဲ ပျောက်သွားတာ ဘာသဘေညလဲ ဟျောင့်!..."

" ကျွန်..ကျွန်တော်...စိတ်တွေရှုပ်နေလို့ ဘားမှာ သွားသောက်ရင်း အဲ့မှာ အိပ်ပျော်သွားတာ ဒယ်ဒီ.. "

" ဘာတွေများ စိတ်ရှုပ်စရာရှိလို့ ဖုန်းတောင်မဆက်နိုင်ရတာလဲကွ!.. "

သူလည်း ဟွန်းဂျယ်နဲ့ ပြဿနာတတ်တဲ့ကိစ္စကို ပြန်ပြောပြတော့..သူ့ရှေ့က ဒယ်ဒီက ဒေါသထွက်နေတာ လည်ပင်းကြောကြီးတွေ ထောင်လို့ပင်...မာမီကလည်း သူ့မျက်နှာကို မကြည့်ဘဲလွှဲထားသည်။


Dear Ko Ko ( Complete)Where stories live. Discover now