Part -25

599 50 38
                                    

# Unicode #

ကိုကို့ကိုကြည့်နေတုန်း ကိုကိုကမျက်လုံးမှိတ်ထားပေမဲ့ မျက်ရည်လေးတွေစီးကျလာပြီး နှုတ်ခမ်းပါးလေးတွေကလည်း တဆက်ဆက်တုန်‌လာသည်။

" ကိုကို! ကိုကို! သတိထားပါအုံး! ကိုကို! "

ထယ်ယောင်း ဆေးပိုက်တပ်မထားတဲ့လက်ကလေးကို ဖြေးဖြေးလှုပ်ပြီးခေါ်လိုက်တော့ မျက်ခွံလေးတွေလှုပ်လာပြီး မျက်လုံးပွင့်လာ၏။

" ကိုကို!.. သတိရပြီလား~ .. ခဏ! မောင် ဒေါက်တာခေါ်ထားတယ်.."

ထယ်ယောင်း အခန်းထဲက ခလုတ်နီလေးကို နှိတ်ပြီး ကိုကို့ကိုပြောလိုက်တော့ ကိုကိုက ခေါင်းငြိမ့်ပြသည်။

ဆရာဝန်နဲ့သူနာပြု နှစ်ယောက် ရောက်လာပြီး.. ကိုကို့ကို စမ်းသပ်ပေးနေကြ၏။

" စိုးရိမ်စရာမရှိတော့ပါဘူး.. နောက်တစ်ရက်နေပြီးရင် ဆေးရုံဆင်းလို့ရပြီ.. ကလေးက ပြန်ယူချင်ရင် သားအိမ်ထိခိုက်မှုမရှိတာကြောင့်ယူလို့ရတယ် ပြီးတော့ ခင်ဗျားတို့သုံးနေတဲ့ဆေးက သားအိမ်အတွက်ဘေးမဖြစ်တာကြောင့် ကလေးလိုချင်ရင် ဆေးဖြတ်လိုက်တာနဲ့ ခဏအကြာမှာ ကိုယ်ဝန်ပြန်ဆောင်လို့ရတယ် "

" ဟုတ်ကဲ့ ဒေါက်တာ ကျွန်တော် နားလည်ပါတယ်.. ပြီးတော့ တားဆေးကို ဘယ်အချိန်လောက်ပြန်တိုက်လို့ရလဲမသိဘူး ဒေါက်တာ... "


" တစ်လ ပြည့်ရင် ပြန်ပြီးသုံးလို့ရပါပြီ "

" ကျေးဇူးပါ ဒေါက်တာ.."

" ရပါတယ်ဗျ.. ခွင့်ပြုပါအုံး "

ဆရာဝန်တွေထွက်သွားတော့ အခန်းထဲမှာ သူနဲ့ကိုကိုသာ ကျန်ခဲ့သည်။ ဆရာဝန်ရှိတုန်းကလည်း သူနဲ့ဆရာဝန် ပြောသမျှကို မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ စူးစမ်းနေမှန်းသိပေမဲ့ ထယ်ယောင်း ဂရုမထားမိဘဲမေးလိုက်၏။အခုလည်း သူ့ကို မျက်လုံးဝိုင်းကြီးတွေနဲ့ကြည့်လာသည်။

*~. ကိုကို ဆန်ပြုတ်စားမလား... မောင် ဆေးရုံက ကန်တင်းမှာ သွားဝယ်ပေးမယ်... ဒေါ်ကြီးဂျုးတို့က ညစာလာပို့ပေးမှာဆိုပေမဲ့ နောက်ကျမယ်ထင်တယ်.~*

Dear Ko Ko ( Complete)Where stories live. Discover now