Part -4 ⚠️

1.3K 69 53
                                    

# Unicode #

" ချပ်! "

ထယ်ယောင်းရေချိုးပြီး...ထွက်လာတော့ ကိုကိုက သူ့အတွက် အင်္ကျီရွေးပေးနေပုံရ၏။ ဗီရိုကိုဖွင့်ကာ...ခေါင်းလေးတကုတ်ကုတ်နဲ့ ချီတုံချတုံ ပုံစံမျိုးနဲ့ရွေးရခက်နေပုံ...

"ကိုကို "

ထယ်ယောင်းက အင်္ကျီရွေးနေတဲ့ ဂျောင်ဂုကို နောက်ကနေသိုင်းပြီးဖက်လိုက်တော့ ရင်ခွင်ထဲက ဂျောင်ဂုက တောင့်တောင့်လေးဖြစ်သွား၏။ ရှက်သွားတာဆို ပိုမှန်မည်....ဗလာဖြစ်နေတဲ့ ထယ်ယောင်းရဲ့ အပေါ်ပိုင်းနဲ့ သူ့ကျောပြင်က ထိကပ်နေတာ ကြောင့် အလိုလိုပူလာသလို ခံစားရသည်။

သူ့ခါးတစ်ဝိုက်ကို ဖက်တွယ်ထားတဲ့ လက်တွေက မြဲမြံနေပြီး...သူ့လည်တိုင်ကို နှုတ်ခမ်းထူထူတို့ဖြင့် မထိတထိ ပွတ်ဆွဲနေတာကြောင့်...လူက နေရခက်လာပြီး...တမျိုးကြီးဖြစ်နေ၏။

အမြန်ပင် တွေ့ရာ ညဝတ်အင်္ကျီ တစ်ထည်ကို ဆွဲယူလိုက်ပြီး...ထယ်ယောင်းကိုပေးလိုက်တော့..မယူဘဲ..သူ့ကိုပွေ့ချီကာ..ကုတင်ပေါ်ချပေးလိုက်ပြီး သူပါတက်ထိုင်လာသည်။ ‌ခါးအောက်ပိုင်းကို တပတ်တစ်ထည်ဖြင့်သာ..ပတ်ထားသဖြင့်...ရင်ဘတ်ကကြွက်သားတွေကို အတိုင်းသားမြင်နေရ၏။ခုနက သူက ကျောခိုင်းနေတော့ မမြင်ရပေမဲ့ အခုက သူ့ရှေ့မှာ လာထိုင်နေသည်မို့ အတိုင်းသားမြင်နေရသည်။ယောကျာ်းဆန်ပြီး တောင့်တင်းတဲ့ ခန္ဓာကိုယ်အချိုးစားမို့..အကြည့်မလွှဲချင်လောက်အောင်..ကြည့်လို့ကောင်း ခန္ဓာကိုယ်မျိုးပင်....ကိုယ့်ကို ရွှန်းရွှန်းစားစားကြီးကြည့်နေတာကြောင့် ရင်တွေ အတိုင်းမသိခုန်နေပြီး...လက်ဖျားခြေ‌ဖျားတွေ အေးစက်လာ၏။အာခေါင်လည်း ခြောက်လာသလိုပင်....

*~.မောင် ပြောခဲ့တဲ့အတိုင်းဘဲနော်...အခုတွေ့ဆုံမှုမှာ မောင်က ကိုကို့ရဲ့..အနီးစပ်ဆုံးသူဖြစ်လာပြီနော်.~*

ထယ်ယောင်း..စာအုပ်လေးယူပြီးရေးပြလိုက်တော့..ကိုကိုက ဖတ်နေသည်။

*~.ဘာကြောင့် ငါနဲ့လက်ထပ်တာကို မငြင်းတာလဲ..ငါက မင်းမိတ်ဆွေတွေကြားမှာ ပွဲထုတ်လို့ရတဲ့ မင်းဂုဏ်ယူလို့ရတဲ့ လူမျိုးမဟုတ်ဘူးလေ...ကြာလာလို့ မင်းစိတ်ပျက်လာရင်...ငါဘဲ..အထိခိုက်များလိမ့်မယ်...ထယ်ယောင်း...ငါတို့က လက်မထပ်သင့်တဲ့သူတွေဘဲ.~*


Dear Ko Ko ( Complete)Where stories live. Discover now