#Unicode #
" ကိုကို! "
ထယ်ယောင်း ရဲ့အသံကြောင့် ပြုံးပျော်နေတဲ့ ချယ်ယောင်း.. ထယ်မင်နဲ့ ဂျုးတို့ အပြုံးတွေရပ်တန့်သွားကာ...တအံ့တဩဖြစ်သွားကြ၏။
" ဒေါက်တာ...ကိုကို! ကိုကို့ အခြေနေရော..ဒေါက်တာ! ကိုကို ဘာ..ဘာမှ မဖြစ်ဘူးမလားး "
ထယ်ယောင်းက အရူးတစ်ယောက်လို တရစပ်မေးတော့ ဒေါက်တာ့ရဲ့ခေါင်းငိုက်စိုက်ကြသွားသည်။
" ဒေါက်...ဒေါက်တာ!.."
ဒေါက်တာ့ရဲ့ ပုံစံကိုကြည့်ပြီး ထယ်ယောင်စ အရမ်းထိတ်လန့်လာ၏။ချယ်ယောင်းတို့လည်း တစ်ခုခုကို သိနေသလို မျက်ရည်တွေကျလာ၏။နူးနူးလေးတောင် လိုက်ငိုနေသည်။
" ဖြေ...ဖြေပေးပါ..ကိုကို ဘာမှမဖြစ်ပါဘူးလို့.."
" စိတ်မကောင်းပါဘူး..လူနာက ကလေးအတွက် အသက်ပေးသွားတယ်..ကျွန်တော်တို့ ကယ်ဖို့ကြိုးစားပေမဲ့ လူနာက လက်လျှော့လိုက်တာပါ..လူနာဆုံးပြီ.."
ဒေါက်တာ့စကားအဆုံး ထယ်ယောင်း နောက်ကို ခြေတစ်လှမ်းဆုတ်မိသွားသည်။
ချယ်ယောင်းတို့ကတော့ တအင့်အင့်နဲ့ ရှိုက်ငိုနေကြ၏။
«« လူနာ ဆုံးပြီ »» ...ဆုံးပြီ »»
နားထဲပဲ့တင်ထပ်လာတဲ့ အသံတွေကြောင့် နားကို လက်နှစ်ဖက်ဖြင့်အုပ်ထားလိုက်သည်။
" အားးးး မဟုတ်ဘူးးးး မဆုံးဘူးးး ကိုကို မဆုံးဘူး...ဟုတ်တယ်..ကိုကိုမသေဘူး..အိပ်နေတာ..အိပ်နေတာ..နိုးရမယ်..ငါသွားနိုးမှာပေါ့..လူလိမ်!! "
" သား.."
" သားထယ်! "
" ထယ်ယောင်း! "
မျက်ရည်တွေနဲ့ အော်ဟစ်ကာ ခွဲခန်းထဲပြေးဝင်သွားတဲ့ ထယ်ယောင်းကြောင့် ထယ်မင်တို့ ခွဲခန်းရှေ့မှာ ငိုနေရုံသာတက်နိုင်သည်။
~
~
~
ခွဲခန်းထဲရောက်တော့ ကုတင်ပေါ်မှာ ပိတ်အဖြူအုပ်ထားတဲ့ ကိုကို့ရဲ့ ခန္ဓာကိုယ်....
" မဟုတ်ဘူးး ကိုကိုက ဘာလို့ သေရမှာလဲ..သူ့ကို ထားသွားမှာမဟုတ်ဘူး.."
YOU ARE READING
Dear Ko Ko ( Complete)
General Fictionမောင်သာ ကိုကို ကို သစ္စာဖောက်ခဲ့ရင်..ကိုကို နာကျင်အောင်လုပ်မိခဲ့ရင်..မောင့်တစ်ဘဝလုံး အထီးကျန်ဆန်ပြီး နာကျင်မှုတွေနဲ့ ရှင်သန်ရပါစေလို့..မောင်..ကျိန်ဆိုတယ်..ကိုကို...( ကင်မ်ထယ်ယောင်း ) ငါက..စွံ့အနားမကြားတစ်ယောက်မို့..ကြာရင် မောင် ငြီးငွေ့လာပြီး ငြိုငြ...