Part -29

764 52 27
                                    

# Unicode #

ကိုကိုနဲ့ ထယ်ယောင်း ပြဿနာဖြစ်ပြီးတဲ့ညတည်းက ကိုကိုက ထယ်ယောင်းကို လုံးဝအတွေ့မခံတော့ပေ...ထယ်ယောင်း ဘက်က ဘယ်လိုဘဲ တောင်းပန်‌တောင်းပန် ကိုကိုက ခွင့်မလွှတ်...

အဲ့ညတည်းက အခန်းခွဲနေပြီး ထယ်ယောင်းမှာ ကိုကို့မျက်နှာလေးကို တွေ့ရသည့်နေ့က ရှားသည်။မနက်ဆို သူ့ရုံးသွားချိန်လောက်မှ ကိုကိုက သမီးလေးကို ခေါ်ပြီး အခန်းတည်းက ထွက်သလို..သူပြန်မလာခင် သမီးကိုခေါ်ကာ အခန်းထဲ ပြန်ဝင်နေတတ်၏။

ဒေါ်ကြီးဂျုးတို့ကို ကိုကို့ရဲ့ အခြေနေမေးတော့ တစ်နေ့လုံးတမှိုင်မှိုင်တတွေတွေနဲ့မျက်နှာသိပ်မကောင်းသလို တစ်ခါတစ်လေကျရင်ငိုနေတတ်တယ်လို့ ပြောသည်။အဲ့တာတွေက သူ့ကြောင့်...ကိုကိုမျက်ရည်ကျတာမကြိုက်တဲ့သူကိုယ်တိုင်က ကိုကိုရဲ့ မျက်ရည်တွေကို ကျစေခဲ့၏။

သူရုံးပိတ်တဲ့ နေတွေဆိုလည်း သမီးလေးနဲ့ တစ်နေ့လုံး အခန်းထဲမှာနေတတ်သလို လုံးမထွက်မလာတတ်တာပေ...အဲ့တော့ သူကိုကို့ရဲ့ ခွင့်လွှတ်မှုကို ဘယ်လိုတောင်းဆိုရမှန်းမသိတော့ချေ...

~

~

~

ဒီနေ့ ထယ်ယောင်း အလုပ်သွားရက်မို့ သူ အခန်းထဲကထွက်လာလိုက်၏။သမီးလေးကိုလည်း အတူခေါ်ကာ ဧည့်ခန်းထဲမှာ အရုပ်တွေနဲ့ နေရာချပေးရင်း ဆော့ခိုင်းကာ သူက ဒေါ်ကြီးဂျုးတို့ကို ကူပြီး အိမ်အလုပ်တွေ လုပ်ပေးလိုက်သည်။

ဟိုလူရဲ့ မျက်နှာကို မမြင်ချင်လို့ တမင်ရှောင်နေမိသည်။မျက်နှာမြင်လိုက်တာနဲ့ မုန်းတီးမိပြီး..နာမည်ကြားရုံနဲ့ အလိုလိုနာကျည်းမိ၏။အားလုံးထက်ပိုပြီး ယုံကြည်ရသူက နောက်ကျောကို ဓားနဲ့ထိုးတာ‌လောက် နာကျင်ရတာမရှိ...

တစ်အိမ်တည်းနေပေမဲ့ မျက်နှာ ချင်းမဆိုင်ချင်တာကြောင့် ရှောင်နေမိတာ သူ့အလွန်မဟုတ်...သူစိတ်နဲ့သူကိုယ်ဆိုရင် ဒီအိမ်က ထွက်သွားမိမှာအမှန်...ဒါပေမဲ့ သမီးလေးကိုတော့ မိဘတစ်ကွဲတစ်ပြားမဖြစ်စေချင်တာကြောင့်သာ ဆက်နေရတာ..ပါးပါးတို့ မရှိတော့ သူ့မှာ အားကိုးစရာမရှိတော့ပေ..အရမ်းငိုချင်လွန်းလို့ တိုးဝှေ့ပြီးငိုရမဲ့ ရင်ခွင်မရှိတော့ သူတစ်ယောက်တည်းသာ ကြိတ်မှိတ်သည်းခံရ၏။တစ်ခါတစ်လေ အော်ဟစ်ငိုယိုပြီး ဘာကြောင့် ငါ့မှ ဒီလို လာဖြစ်တာလဲဆိုပြီး အကျယ်ကြီးငိုရှိုက်ချင်ပေမဲ့ လက်တွေ့က လုပ်လို့မှမရတာ။

Dear Ko Ko ( Complete)Where stories live. Discover now