Part -20

609 51 28
                                    

# Unicode #

သမီးလေးမွေးတဲ့အချိန်ကစပြီး..ဂျောင်ဂုမှာ ပျင်းမနေရတော့...အရင်က မောင်ကုမ္ပဏီသွားချိန်ဆို ..သူတစ်ယောက်တည်း လုပ်စရာအလုပ်မရှိတာနဲ့ အမြဲပျင်းနေရသည်။အခုတော့ သမီးနဲ့ အတူအနေရတော့ အချိန်တွေ ကုန်မှန်းတောင်မသိတော့ပေ....

ခြောက်လမပြည့်မခြင်း..သူ့ရဲ့နို့တစ်မျိုးတည်းကိုသာတိုက်ကျွေးခဲ့သောကြောင့် သမီးလေးရဲ့အသားရည်မှာ ဝင်းဝါနေပြီး...လုံးတစ်နေသည်။တဖြည်းဖြည်းပီသလာတော့ မျက်လုံး၊နှာတံ ပါးစပ်တို့မှာသူနဲ့ချွတ်စွပ်တူနေတာကြောင့် မောင်ဆို သူ့သမီးကြီးလာရင် စိတ်မချဘူးလို့တောင်အမြဲပြောနေကြ...သမီးလေးက မောင်နဲ့တူတာဆိုလို့ နှာထိပ်က မှဲ့လေးနဲ့ ညာဘက်ပါးပြင်က မှဲ့နက်လေးတစ်လုံးသာပင်...

ခြောက်လပြည့်ထဲက နို့အပြင် ဖြည့်စွက်စာ‌ပါကျွေးခဲ့တာကြောင့် အသားကောင်းကောင်းစားတဲ့သမီးငယ်က..ဖြူဖွေးဝတုတ်ပြီး ချစ်စရာကောင်းလာသည်။လေးဖက်သွားတတ်တဲ့အရွယ်မို့...မောင်က ဧည့်ခန်းနဲ့ သူတို့အခန်းထဲမှာ မွှေးပွ သားမွှေးကော်ဇော်တွေခင်းထားပေး၏။သမီးလေး အသားပွန်းသွားမှာစိုးလို့တဲ့လေ...

အခုလည်း...သမီးလေးက လေးဘက်သွားတတ်တဲ့အပြင် ထိုင်ပါ ထိုင်တက်နေပြီးမို့..မျက်စိအောက်ကအပျောက်မခံဘဲ အချိန်ပြည့်အနားလူတစ်ယောက်ထားကာ စောင့်ကြည့်နေရသည်။ အန္တရာယ်ဖြစ်စေမဲ့ ပစ္စည်းတွေလည်း အမြင့်မှာထားရ၏။

" နူးနူးလေးရေ...မိုင်မိုင်..တစ်လုတ်စားမယ်...အာ...ဟုတ်တယ်ကွာ..ဘိုးမြေးက..စားတယ်ကွာ.."

ညနေစာကို ကျွေးနေတုန်း..ထယ်မင်က ဂျောင်ဂုလေးကျွေးရလွယ်အောင် ကလေးကို မြူပေးနေသည်။စားလိုက်ဆော့လိုက်နဲ့ နူးနူးလေးကတော့ အလုပ်ရှုပ်နေ၏။လေးဘက်ထောက်ကာ ဂျောင်ဂုဆီသွားပြီး...ဖြည့်စွက်စာစားလိုက်...အရုပ်လေးတွေယူပြီးဆော့လိုက်နှင့် သူ့ဘာသာပျော်မြူးနေသည်။

" ဝူးးးး ဆင်ကြီးလာပြီ...နူးနူးလေးရေ...ဝူးးး မင်္ဂလာပါ..ငါကတော့ ဆင်ကြီး ထယ်မင်ပါ နူးနူးရေ..ဝူးး "

ဆင်ရုပ်ကိုကိုင်ပြီး...နူးနူလေးရဲ့ ခြေဖဝါးလေးနဲ့တိုက်ကာပြောလိုက်တော့ သဘောကျနေတဲ့နူးနူးလေး...ပေါက်ကာစအောက်သွားလေးနှစ်ချောင်းပေါ်အောင် .ရယ်နေပြီး မျက်လုံးဝိုင်းလေးတွေမှိတ်ကျလို့ပင်...

Dear Ko Ko ( Complete)Where stories live. Discover now