709 83 12
                                    

ဂစ်တာကြိုးခတ်သံတွေနှင့်အတူ ကျွန်တော့်အချစ်တွေကပါ ဒယ်ဒီ့နှလုံးသားဆီ တိုးဝင်သွားရင်ကောင်းမယ်။
________________________________________
'ဒေါက် ဒေါက်'

"ဝင်ခဲ့"

တိုးညှင်းစွာထွက်ပေါ်လာသည့်တံခါးခေါက်သံနှင့်အတူ ကျန်းဟာအို​၏ ခွင့်ပြုချက်နောက်မှာမှ ပွင့်လာသော တံခါးကြောင့် ပြတင်းပေါက်ဘက်သို့ မျက်နှာမူကာမတ်တပ်ရပ်နေသည့် ကျန်းဟာအိုက အလုပ်စားပွဲဆီသို့ပြန်လျှောက်လာသည်။

"Valdis ဒီတစ်ခါကိစ္စက Hazard Gangဘက်က ကြိုတင်ကြံစည်ထားတာ ဒီမှာပါ"

တစ်ဖက်သူက စားပွဲပေါ်သို့တင်ပေးလာသည့် စာရွက်တွေကြောင့် ကျန်းဟာအိုက ထိုစာရွက်များဆီသို့ တစ်ချက်ကြည့်လိုက်ကာ ခေါင်းငြိမ့်ပြလိုက်သည်။

​"ဒီနေ့ ရဲ့ထိခိုက်မှုက Seamusကို ဦးတည်ထားတာ Valdis,ပစ္စည်းတွေကတော့ Seamasက အစတည်းက သေချာစီစဉ်သွားတာမလို့ ဆုံးရှုံးမှုမရှိပါဘူး"

ကျန်းဟာအိုက ခန့်မှန်းထားပြီးသားအခြေအနေဖြစ်တာကြောင့် ဆက်ပြောရန်အတွက် မေးဆတ်ပြလိုက်ပြီး လက်ထဲရှိ ဝီစကီအား တစ်ငုံခန့်သောက်လိုက်သည်။

"Seamasတို့ရောက်မှ စချိန်းတုန်းကအစီအစဉ်မဟုတ်ဘဲ ချက်ချင်း Seamasတစ်ယောက်တည်းပဲဝင်ခွင့်ရှိမယ် ဆိုပြီး အစီအစဉ်ပြောင်းသွားခဲ့တာပါ။အကယ်၍ ပြန်ထွက်လာခဲ့ရင် သေချာပေါက် အကုန်လုံးအတိုက်ခိုက်ခံရပြီး ရှုံးနိုင်ချေရှိတာမလို့ Seamasက ဝင်သွားခဲ့တာပါ"

"အင်း"

ကျန်းဟာအိုက လက်ထဲရှိဖန်ခွက်အား အနည်းငယ်လှုပ်လိုက်သည့်အခါ ဝီစကီခွက်ထဲရှိ အရည်ပျော်လက်စ ရေခဲတုံးအချို့နှင့်ဖန်ခွက်​၏ ထိခတ်သံအချို့ကထွက်ပေါ်လာသည်။

"Seamusက ကြိုသိနေတာကိုတောင်မှ တမင် အထဲကိုဝင်သွားတဲ့ပုံပါပဲ"

ကျန်းဟာအိုက အရှေ့ရှိစာရွက်အချို့အား ကောက်ကိုင်လိုက်ကာ အနည်းငယ်ဖတ်ပြီးသည့်နောက်မှာ သူ့ဆီမှ ညွှန်ကြားချက်အားစောင့်နေဟန်ပေါ်သည့် Enidအား

"ဘာဆက်လုပ်ရမလဲသိတယ်မလား"

"ဟုတ်ကဲ့"

"Coyotes ကိုထိတဲ့အကျိုးဆက်က သေချာပေါက်ကောင်းမှာတော့မဟုတ်ဘူး"

𝘚𝘪𝘯 𝘧𝘳𝘰𝘮 𝘵𝘩𝘺 𝘭𝘪𝘱𝘴Where stories live. Discover now