ယင်းယွဲ့စံအိမ်တော်ရဲ့ သခင်ငယ်လေးကို ထိပါးမိတဲ့ အကျိုးဆက်က ကောင်းတာတွေတော့ ဖြစ်လာမှာမဟုတ်ဘူး။
_______________________________________
"အိမ်ကိုဘယ်တော့ ပြန်လာမယ်တွေးထားလဲ ကျန်းဟာအို"ထိုစကားကြောင့် လက်ထဲတွင်ကိုင်ထားလက်စဖြစ်သော ကော်ဖီခွက်၏နှုတ်ခမ်းသားနှင့် ကျန်းဟာအို၏နှုတ်ခမ်းပါးအိအိတို့ မထိတွေ့လိုက်ရပါပဲ စားပွဲပေါ်သို့ပြန်တင်လိုက်ကာ သူ့ရှေ့တွင်ထိုင်နေသည့် ကျန်းဝေ့ချန်အား ကြည့်လိုက်ရင်း မျက်ခုံးတစ်ဖက်ပင့်လိုက်မိသည်။
ဆယ်စုနှစ်တစ်ခုရှိကာမှ အတင်းကို ရင်းနှီးချင်နေသော ဖခင်ဖြစ်သူက ဘယ်ခြေလှမ်းကိုလှမ်းချင်နေမှန်း သိတာကြောင့် ကျန်းဟာအို၏ ခပ်လွန့်လွန့်ရယ်သံသည် တိတ်ဆိတ်နေသော အခန်းထဲတွင် တစ်ကိုယ်တည်းကြားရုံလောက်မျှထွက်ပေါ်လာသည်။
"ကျန်းဟာအို"
ဘေးနားတွင်ချထားသော Macbookအား ကောက်ကိုင်လိုက်ပြီးနောက်မှာ ကျန်းဟာအိုက သတင်းအချို့အား ဖတ်ရန်ပြင်လိုက်သည့်အတွက် ကျန်းဝေ့ချန်၏ အလိုမကျစွာ ခေါ်လာသော အသံကထွက်ပေါ်လာသည်။
"မင်း ဘာတွေလုပ်နေတယ်ဆိုတာ ငါမသိဘူးများထင်နေလား"
"ပါးပါး ဘယ်ခြေလှမ်းတွေ ရွေ့ချင်နေတာအထိ ကိုယ့်ဘက်က အကုန်သိပြီးသား"
"မင်း!"
အေးဆေးစွာဆိုလာသော ကျန်းဟာအို၏စကားဟာ ကျန်းဝေ့ချန်ကိုတော့ ဒေါသထွက်စေရန် လုံလောက်သည့် အဓိပ္ပာယ်တွေပါဝင်နေပါသည်။
"အဲ့ကလေးနာမည်နဲ့ ရှိနေတဲ့ အိမ်တွေအပြင် ဘဏ်ထဲမှာသိမ်းထားတာအထိမပြောပေမယ့် Blue-Codeရဲ့ ရှယ်ယာ 9% ပေးတာအထိတော့ ငါလက်မခံနိုင်ဘူး။အဲ့ကောင်လေးကို အရွယ်ရောက်ရင် ပေးသင့်တာပေးပြီးတော့ အခြားတစ်နေရာပို့လိုက်တော့"
မည်သည်မျှဆိုမလာပါဘဲ သူ့အားကြည့်ကာ ငြိမ်နားထောင်နေသည့် ကျန်းဟာအိုကြောင့် ကျန်းဝေ့ချန်က ပြုံးလိုက်ကာ စကားအားဆက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် မင်းဘက်က လုပ်သင့်သလောက်လုပ်ပေးပြီးပြီပဲ။တကယ်ဆိုရင် အဲ့လောက်ထိ လုပ်ပေးစရာတောင်မလိုတာ။ပြီးတော့ မင်း အသက်ပဲ 24ရှိနေပြီ မြေးချီဖို့ ငါဘယ်အချိန်ထိစောင့်ရမှာလဲ"
YOU ARE READING
𝘚𝘪𝘯 𝘧𝘳𝘰𝘮 𝘵𝘩𝘺 𝘭𝘪𝘱𝘴
Fanfictionမတည်မြဲပါတဲ့ ထာဝရဆိုသောအရာထဲမှာ မင်းရဲ့မက်မွန်ရောင်နှုတ်ခမ်းပါးတွေကတော့ ကိုယ့်ရဲ့တစ်ခုတည်းသော စွဲလမ်းစရာ အပြစ်ကြွေးလေး။ Binhao/Haobin fanfiction