아홉

596 95 23
                                    

ဘယ်ကောင့်အားကိုးနဲ့ ကိုယ့်ဆောင်းဟန်ဘင်းကိုထိရဲတာလဲ။
_______________________________________
"ဒီဇိုင်းပိုင်းနဲ့ ပတ်သတ်ပြီးတော့ကတော့ ဒီလောက်ပါပဲ။နေရာအတွက်က ကျွန်တော်"

ကျန်းဟာအိုက အရှေ့တွင်တင်ပြနေသည့် ပရောဂျက်အား သေချာနားထောင်ပြီး အဆင်ပြေနေသည့် ပရောဂျက်တစ်ခုဖြစ်တာကြောင့် ကျေနပ်နေဟန်ရှိသည်။

ပရိုဂျက်တာတွင် ထိုးပြထားသော ဒီဇိုင်းအား စိုက်ကြည့်နေသည့် Bossဖြစ်သူကြောင့် ပရောဂျက်မန်နေဂျာက သတိကြီးကြီးထားကာ တင်ပြနေခြင်းဖြစ်ပြီး လက်တွေက ချွေးစေးတွေထွက်နေသည့်တိုင်အောင် ယုံကြည်ချက်ရှိနေဟန်ပင်။

အစည်းအဝေးခန်းထဲရှိ လူတိုင်းက အသံတစ်စမျှမထွက်စေရန် တိတ်ဆိတ်နေကာ ပရောဂျက်ကိုသာ အာရုံစိုက်နေသည်။ပရောဂျက်က အဆင်ပြေသလို တင်းမ်တစ်ခုလုံးက ယုံကြည်မှုရှိနေသည့်တိုင် တစ်ချက်လေးမျှမှားယွင်းမှုမရှိစေရန်နှင့် တစ်ချက်တစ်ချက်မှာ ထောက်ပြလာသော Boss​၏ စကားများအား လိုက်လံမှတ်သားရသည်။

​ထိုကဲ့သို့မျိုးပင် သူတို့Boss​၏အရှိန်အဝါကကြီးမားလှပါသည်။အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် အောင်မြင်နေခြင်းအကြောင်းအရင်းက လွယ်လင့်တကူဖြစ်တည်လာခဲ့တာ မဟုတ်မှန်း ဒီကုမ္ပဏီစတည်ထောင်စဉ်တည်းက ရှိလာခဲ့သော သူတို့ထက်မည်သူပိုသိနိုင်မည်နည်း။

ဖြတ်ထိုးဉာဏ်ကောင်းပြီး စီးပွားရေးကွက်ကျော်မြင်တတ်သလို စည်းကမ်းကြီးလွန်းလှသည့် Bossဟာ ထိုသို့အောင်မြင်မှုတွေနှင့် အမှန်ပင် ထိုက်တန်လွန်းလှသည်။ထို့အပြင် သူတို့​၏ အပြုအမူတွေဟာလည်း Bossအား ကြောက်ရွံ့ခြင်းဆိုသည်ထက် ရိုသေလေးစားခြင်းဟူသော ခေါင်းစဉ်အောက်တွင် တည်ရှိပါသည်။

'တွီ'

အစည်းအဝေးခန်းထဲတွင်ဖြစ်တာမလို့ vibrate လုပ်ထားတတ်သည် ကျန်းဟာအိုက contact အားတစ်ချက်ကြည့်လိုက်ကာ ဖုန်းကိုပိတ်ချလိုက်သည်။

'တွီ'

ဒုတိယအကြိမ်မြည်လာသည့်အခါ ကျန်းဟောက်က အော်တိုမက်ဆေ့ချ် မှနေ၍ ပြန်ခေါ်မည်ဖြစ်ကြောင်းပို့လိုက်ကာ ပရောဂျက်တင်ပြမှုတွင်သာ အာရုံပြန်စိုက်လိုက်​၏။

𝘚𝘪𝘯 𝘧𝘳𝘰𝘮 𝘵𝘩𝘺 𝘭𝘪𝘱𝘴Where stories live. Discover now