551 93 20
                                    

နွေးထွေးလွန်းတဲ့အကြည့်တွေနောက်မှာ မဟုတ်ဘူး သူ့ဆီကို အားကိုးလာတဲ့အကြည့်တွေဟာ အများကြီးအဖိုးတန်လွန်းလှသည်။
________________________________________
သူ့ဆီသို့တိုက်ရိုက်ရောက်လာသော စကားသံနှင့်အတူ ဒီအတိုင်းရပ်နေတာတောင်မှပင် အေးစက်လွန်းလှသည့် အရှိန်အဝါဟာ လွှမ်းမိုးလာသည့်အခါမှာ ခေါင်းဆောင်ဖြစ်သူက ခပ်အေးအေးမှီထားရာမှ ခန္ဓာကိုယ်အား အနည်းငယ်မတ်လိုက်မိသည်။

'ခွပ်!'

'ခွပ်!'

ဘယ်အချိန်တွင်အလစ်တိုက်ခံလိုက်ရမှန်းမသိသည်အထိ သတိလွတ်သွားခဲ့တာလား ထိုလူတွေဟာပဲတော်လွန်းနေတာလား ခွဲမရနိုင်အောင်ပင် သတိထားမိချိန်တွင် သူ​၏လူသုံးယောက်ဟာ တစ်ဖက်ရှိလူများ​၏ မှောက်သိပ်ခြင်းကိုခံလိုက်ရကြောင်း မြင်လိုက်ရသည်။

ပတ်ပတ်လည်တွင် ဝိုင်းထားခံရသော လူတွေဟာထိပ်တန်းသက်တော်စောင့်များဖြစ်သလို ဘယ်လောက်ပင် တော်လွန်းလှသည့် အတွေ့အကြုံရှိ ကြေးစားလူသတ်သမားဖြစ်ပါစေဦးတော့ ဒီလိုလူများကြားမှ ပြေးထွက်ဖို့ရန်က ခက်ခဲလွန်းလှသည်။

ထို့အပြင်ကို သူ​၏ရှေ့တွင် ရပ်နေသူဆီက စိုက်ကြည့်ခံရခြင်းဟာ ကြောက်ရွံ့မှုအား အလိုလိုဖန်တီးပေးသည့်အခါ ကြံရာမရဖြစ်သွားသည့်အလား ဘေးနားရှိ ထိုကလေးအား သေနတ်ဖြင့်ထောက်ချိန်ထားသူဆီမှ ကလေးကိုဆွဲလုလိုက်ပြီး

"ငါက နည်းနည်းလောက်ဆွေးနွေးချင်ရုံပါ"

သူ့အပြုအမူကြောင့် အနည်းငယ်မျှပျက်ယွင်းသွားသည့် ကျန်းဟာအိုအား ထိုသူက သတိထားမိသွားကာ အသံထွက်ရယ်လိုက်ပြီးသည့်နောက်တွင် ကျန်းဟာအိုဆီသို့ ခပ်တည်တည်ပြန်စိုက်ကြည့်လာပြီး ပျက်ရယ်ပြုသံဖြင့် ပြောလာသည်။

"မင်းက တကယ်ကြီး ဒီကလေးကို အလေးထားလွန်းတာပဲ။ငါလူရွေးမှန်တယ်ဆိုရမှာပေါ့။စိတ်ဝင်စားစရာပဲ"

မောင်းတင်ထားသည့် သေနတ်ပြောင်းအား နားထင်တွင်ချိန်ထားရင်း ထိုသူဟာ သူ့ထက် အရပ်နိမ့်သော ဆောင်းဟန်ဘင်း​၏ နား နားသို့ ရွယ်တူဖြစ်စေရန် ခန္ဓာကိုယ်အား ကိုင်းလိုက်ပြီး

𝘚𝘪𝘯 𝘧𝘳𝘰𝘮 𝘵𝘩𝘺 𝘭𝘪𝘱𝘴Where stories live. Discover now