일곱

600 87 37
                                    

ပေသလူးနေတဲ့ပဲစေ့ပြာပေါက်စက နည်းနည်းလေးမှ ချစ်ဖို့ကောင်းမနေဘူး။
________________________________________
"Boss မနက်ဖြန် သခင်ငယ်လေးတို့ကျောင်းမှာ တွေ့ဆုံပွဲရှိပါတယ်။အဲ့တာ"

"အင်း ကိုယ်သိပြီ"

အတွင်းရေးမှူးအီ​၏စကားအား ကျန်းဟာအိုက ခေါင်းငြိမ့်လိုက်ပြီး တင်ပြလာသော စာတမ်းအချို့အားစစ်ကာ လက်မှတ်ထိုးရန်ပြင်သည်။

"Boss ဒါပေမယ့်အဲ့အချိန်မှာ G-Dell Company နဲ့ meetingတစ်ခုတက်စရာရှိပါတယ်"

"အချိန်ရွေ့လိုက်"

"ဗျာ! အချိန်ရွေ့ဖို့က မနက်ဖြန်"

ထပ်ပြောလာသော အတွင်းရေးမှူးအီ​၏စကားကြောင့် ကျန်းဟာအိုက ဖတ်လက်စ စာရွက်တွေမှ အကြည့်လွှဲလိုက်ကာ တစ်ခုခုအားစဉ်းစားနေဟန်။

"အဲ့တာဆို ဖျက်လိုက်"

"ဗျ! ဗျာ"

ဒီလေးနှစ်အတွင်းမှာ ကျန်းဟာအို​၏ကြိုးစားမှုဟာ အရာထင်တာထက်ပိုသည်ဟုဆိုရလောက်သည်အထိ Blue-Codeက အောင်မြင်ခဲ့သည်။Aနိုင်ငံတွင်သာမကပါဘဲ Sနိုင်ငံအထိပါ စီးပွားရေးလောကထဲသို့ တိုးဝင်နိုင်ခဲ့သလို ထိပ်တန်းစာရင်းဝင်ကုမ္ပဏီတစ်ခုဖြစ်ပေမယ့် ဟိုးအရင်တည်းမှရှိခဲ့သော ကုမ္ပဏီကြီးများနှင့်ယှဉ်လျှင်တော့ အနည်းငယ်မျှ အခက်ခဲရှိတာကြောင့်ယခုကဲ့သို့ အောင်မြင်းပြီးသား နာမည်ကြီး ကုမ္ပဏီတစ်ခုနှင့်ရင်းနှီးမှုတည်ဆောက်ခြင်းဟာ စီးပွားရေးလောကထဲတွင် ခြေကုပ်တစ်ခုရလိုက်သလိုပင်။

ထိုကဲ့သို့အခွင့်အရေးအား ဖျက်ခိုင်းနေသည်ဖြစ်တာမလို့ အတွင်းရေးမှူးအီက ထိတ်လန့်ဖွယ်ရာ တစ်ခုအားကြားလိုက်ရသလို အော်လိုက်မိတာဖြစ်ပေမယ့် သူ​၏Bossကတော့ ဆုံးဖြတ်ချက်အား ပြင်မည့်ဟန်မရှိတာကြောင့် အတွင်းရေးမှုးအီက အလိုက်တသိပင် နှုတ်ဆိတ်လိုက်မိသည်။

"ဒီနေ့ကိုယ် ကျောင်းကိုသွားကြိုမှာမလို့ အတွင်းရေးမှူးအီက ကိုယ်ဟာကိုယ်ပြန်လိုက်ပါ"

"ဟုတ်ကဲ့"

*

Private Schoolတစ်ခုဖြစ်သလို လူကုံထံအသိုင်းအဝိုင်းမှသူများသာလျှင် တက်ကြသည့်ကျောင်းဖြစ်တာကြောင့် ကျောင်းရှေ့တွင် တန်ဖိုးကြီးကားများက တန်းစီလျက်ရှိသည်။အချို့က ကားဒရိုက်ဘာသာလျှင်ပါပေမယ့် များသောအားဖြင့် အမေတွေကိုယ်တိုင်ကျလာကြိုကြတာဖြစ်တာမလို့ အပြိုင်အဆိုင်ဝတ်ထားကြသည့် တန်ဖိုးကြီးအဆင်တန်ဆာတွေအပြင် အင်္ကျီ ဖိနပ်တွေအထိပါ Brandတွေသာဆင်ထားကြပြီး တစ်ယောက်နှင့်တစ်ယောက် မသိမသာကြွားလုံးထုတ်နေကြတာက ကျန်းဟာအိုအတွက်တော့ အနှောက်အယှက်ဖြစ်စရာကောင်းလွန်းတာကြောင့် နာရီကိုသာ တကြည့်ကြည့်လုပ်နေမိသည်။

𝘚𝘪𝘯 𝘧𝘳𝘰𝘮 𝘵𝘩𝘺 𝘭𝘪𝘱𝘴Where stories live. Discover now