열여섯

621 95 16
                                    

ဆယ်ကျော်သက်အရွယ်က သစ်ရွက်လေးတွေလှုပ်ရင်တောင် ရင်ခုန်နေတတ်တာလို့ပြောကြတယ်။ဒါဆိုရင် ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲထွက်တော့မတတ်ဖြစ်နေတဲ့ ဒီနှလုံးခုန်သံကိုရော ဘယ်လိုအဓိပ္ပာယ် ဖွင့်ဆိုရမလဲ။
_______________________________________
ကပြောင်းကပြန်ဖြစ်နေတဲ့ ရင်ခုန်သံတွေနှင့်အတူ စွဲမက်ဖွယ်ရာ အထိအတွေ့အား တိုးလို့ တိုးလို့ ထိကပ်ပစ်ရင်း ဆောင်းဟန်ဘင်းက အပြင်လောကကြီးနှင့်အဆက်ပြတ်သွားသလိုမျိုး စိတ်ဝိဉာဉ်တစ်ခုလုံးဟာလည်း ထိုနေရာတွင်သာ ငြိတွယ််နေသည်။

"အင်း!"

မည်မျှပင် ကြာသွားလိုက်သလဲ မသိလိုက်သည့် အချိန်တစ်ခုရောက်သည်အထိ စိတ်လွတ်သွားခဲ့ပါသော ဆောင်းဟန်ဘင်းက ခပ်ဆဆထွက်ပေါ်လာသော ညည်းသံတစ်ခုအောက်တွင် ခေါင်းထဲသို့ အလုအယက်ဝင်လာသော အတွေးတွေနှင့်အတူ မျက်လုံးတွေပြူးကျယ်သွားသည်။

အလန့်တကြားဖြစ်သွားပါသော ခံစားချက်အား ထိန်းမရလိုက်ပါဘဲ ဝုန်းကနဲ မတ်တပ်ထရပ်လိုက်သည့် ဆောင်းဟန်ဘင်းက ခေါင်းထဲသို့ တိုးဝင်လာပါသော အခြေအနေတွေအား သတိထားမိသွားသည့်အခါ ထိုနေရာတွင် တုပ်တုပ်မှမလှုပ်နိုင်ပါဘဲ ရုပ်တုကြီးတစ်ခုကဲ့သို့ ခပ်တောင့်တောင့်ရပ်နေမိ​၏။

တကယ်ကြီး ငါဘာတွေ လုပ်လိုက်မိတာလဲ။ဆောင်းဟန်ဘင်း မင်း!

​တင်းကျပ်လာသည့်ရင်ဘတ်အစုံရယ်နှင့် အသက်ရှူသံပြင်းပြင်းဟာ တိတ်ဆိတ်နေသော အခန်းထဲတွင် တိုးညှင်းစွာထွက်ပေါ်လာသည်။နိမ့်ချည်မြင့်ချည်ဖြစ်နေသည့် အကြိမ်အရေအတွက်ဟာ စိပ်လာသည့်အခါ အသပ်ရှူကျပ်လာသည့် ဆောင်းဟန်ဘင်းက အဆုတ်ထဲသို့လေရောက်ရှိရန်အတွက် ပါးစပ်​၏အကူအညီကိုပါ လိုအပ်လာ​၏။

သိပ်မကြာသေးခင်ကမှ ထိကပ်ထားသော နွေးအိအိ အထိအတွေ့ဟာ ဓာတ်မပြယ်သေးပါဘဲ ယခုချိန်အထိပင် သူ​၏ နှုတ်ခမ်းပါးထက်၌ နေရာယူထားသေးသလိုမျိုး။ဆောင်းဟန်ဘင်း​၏ လက်ချောင်းတွေက ထိုနှုတ်ခမ်းတွေဟာ မယုံကြည်နိုင်စွာ ထိလိုက်ပြီးနောက်မှာ တရှိန်းရှိန်းလှိုက်လာသည့် အပူချိန်ဟာ ခန္ဓာကိုယ်တစ်ခုလုံးတွင်နေရာယူပြီး နားထဲကနေပါ အပူငွေ့တွေ အူထွက်လာသကဲ့သို့ ခံစားလိုက်ရသည်။

𝘚𝘪𝘯 𝘧𝘳𝘰𝘮 𝘵𝘩𝘺 𝘭𝘪𝘱𝘴Where stories live. Discover now