스물다섯

734 92 36
                                    

ဒုတိယအကြိမ်မှာလည်း ကိုယ်အသုံးမကျလို့ မင်းကိုမကာကွယ်ပေးနိုင်ခဲ့ဘူး။အဲ့တာကြောင့်မလို့ မင်းက ဒီ့ထက် ပိုသန်မာရမယ်။
________________________________________
​တစ်ချောက်ချောက်မြည်နေသော နာရီလက်တံ​၏ ရွေ့လျားသံနှင့် တစ်စက်ချင်းစီကျနေသည့် ဆေးစက်များဟာ တစ်တောက်တောက်နှင့် စည်းချက်တကျ တိတ်ဆိတ်လွန်းလှပါသော အခန်းတွင်း၌ ကျယ်လောင်စွာ ပျံ့လွင့်လျက်ရှိသည်။

မျက်ဝန်းအိမ်တွေဟာ ဆေးရုံဝတ်စုံနှင့်လှဲလျောင်းနေသူထံ၌သာ တွယ်ကပ်နေပြီး အသက်ရှုခြင်းကြောင့် နိမ့်ချည်မြင့်ချည်ဖြစ်နေသော ရင်ဘတ်မှအစ တစ်ချက်မလွတ်စေဘဲ အာရုံအလုံးစုံဟာ ဆောင်းဟန်ဘင်းထံ၌သာ ဦးညွှတ်​၏။

တစ်ရက်ကျော်ရှိပြီဖြစ်ပေမယ့် ဆောင်းဟန်ဘင်းက လှုပ်ရှားမှု တစ်ခုပင်ရှိမလာသေးတာကြောင့် ကျန်းဟာအိုက မနေ့ညသန်းခေါင်နီးပါးမှ ဆေးရုံသို့ပြန်ရောက်လာသည့်အချိန်မှစ၍ ကုတင်ပေါ်တွင် လှဲလျောင်းနေသော ထိုသူ​၏ ဘေး၌ နေရာယူထားခဲ့သည်မှ နည်းနည်းလေးမျှ မရွေ့လျားခဲ့ပါဘူး။

နာရီဒိုင်ခွက်တွင် လက်တံရှည်က နံပါတ်သုံးအားညွှန်ပြလျက်ရှိနေပြီဖြစ်သည်။ကျန်းဟာအို​၏ ခေါင်းထဲတွင်လည်း ဝိုင်ယာကြိုးတွေရစ်ပတ်နေသကဲ့သို့ အတွေးပေါင်းစုံဖြင့် ရှုပ်ထွေးလျက်ရှိ​၏။

လေနွေးပေးစက်မှ အငွေ့အချို့ဟာ ဆောင်းဟန်ဘင်း​၏ မျက်နှာနားတွင် လွင့်ပျံ့လျက်ရှိနေပြီး မဟူရာကဲ့သို့ နက်မှောင်နေသည့်ဆံပင်တွေဟာ နို့နှစ်ရောင်ကဲ့သို့ ဖြူဖွေးနေသော မျက်နှာပေါ်သို့ အုပ်ကျလျက်ရှိနေသည်။

ထို့အပြင် မနေ့ကထက်စာလျှင် သွေးရောင်အနည်းငယ်ပြန်သန်းလာတာကြောင့် ပါးနုနုဟာ အနီဖျော့ရောင်အချို့ပြေးနေသလို ဖြူဖျော့နေသည့် နှုတ်ခမ်းဟာလည်း မက်မွန်ရောင်အချို့ပြန်သမ်းလာပြီဖြစ်သည်။

အကယ်၍များသာ ကျည်ဖောက်ဝင်သွားတဲ့နေရာက နည်းနည်းလောက်လေးများ ရွေ့သွားမည်ဆိုလျှင် ကျန်းဟာအိုရှိနေရမည့်နေရာက ဤဆေးရုံ​၏V,VIPအခန်းဟုတ်မနေလောက်ဘူး။

တစ်ခုခုက ဆွဲဆုတ်လိုက်သလိုမျိုး တင်းကျပ်သွားသည့် ဝဲဘက်ရင်အုံကြောင့် ကျန်းဟာအိုက အသက်ကိုခပ်ပြင်းပြင်းရှုသွင်းလိုက်မိတော့ ခဏအကြာတွင် သက်ပြင်းချသံတစ်ခုဟာ ထွက်ပေါ်လာခဲ့သည်။

𝘚𝘪𝘯 𝘧𝘳𝘰𝘮 𝘵𝘩𝘺 𝘭𝘪𝘱𝘴Where stories live. Discover now