여섯

580 81 20
                                    

ကြိုးတွေတိုင်းက နွယ်တတ်တာ မဟုတ်ပေမယ့် သံယောဇဉ်ကတော့ ရစ်တွယ်တတ်သည့် ကြိုးဟူ၍ သမုတ်ခြင်းခံရတယ်။
_______________________________________
ယင်းယွဲ့စံအိမ်တော်​၏ ဧည့်ခန်းထဲရှိ ကြမ်းပြင်ပေါ်တွင် ဆောင််းဟန်ဘင်းသေးသေးလေးလေးက အရုပ်တွေကြားထဲတွင်မြှုပ်လို့။ဖြူဖွေးနေသည့် အမွှေးနုနုလေးအားအသုံးပြုထားသော အခင်းအိအိလေးပေါ်တွင် အရုပ်တွေအား ပြန့်ကျဲကာ ကစားနေသည့် ပဲစေ့သေးသေးလေးက အတော်ပင်ပျော်နေဟန်။

ဘေးနားတွင် ကလေးတစ်ယောက်အတွင် ထိုင်နေရင်းပင် လက်လှမ်းယူလို့ရလောက်သည်အထိ နိမ့်သောစားပွဲခုံအသေးလေးပေါ်ရှိ ဘလူးဘယ်ရီမစ်ခ် အားဂရုတစိုက်လှမ်းယူလိုက်ကာ တစ်ငုံသောက်လိုက်ပြီးနောက်မှာ ဆောင်းဟန်ဘင်းသေးသေးလေးက သဘောကျသွားဟန်ပင် ပါးမို့မို့လေးတွေက မြင့်တက်သွားတာဖြစ်လို့ လှုပ်ခတ်သွားသည့် ပါးအိတုန်တုန်လေးတွေဟာ ပူတင်းလုံးလေးနှင့်ပင်တူသေးသည်။

ထို့နောက်မှာ ဖန်ခွက်အား နေရာတကျပြန်ထားပြီးနောက် ဘေးနားမှ ဂျယ်လီတုံးသေးသေးလေးများအား လက်လှမ်းပြန်သည်။အရောင်စုံထည့်ထားသော အိကျိကျိ ဂျယ်လီသေးသေးလေးတွေဟာ ဆောင်းဟန်ဘင်းပေါက်စအတွက်တော့ ပျော်စရာတစ်ခုပင်။

"အွန်!"

"အယ် သခင်ငယ်လေး"

​အင်္ကျီပေါ်သို့ပြုတ်ကျသွားသော ဂျယ်လီတုံးလေးကြောင့် ဆောင်းဟန်ဘင်းသေးသေးလေးဟာ ဘေးနားတွင်ရှိသော သူနှစ်ယောက်အား သွားများပေါ်သည်အထိ ရယ်ပြလာတာကြောင့် သခင်ငယ်လေးအား စောင့်ရှောက်ရန်တာဝန်ကျသည့် ကောင်မလေးနှစ်ယောက်ဟာ အသဲယားစွာပင်ကြည့်လိုက်မိသည်။

ရယ်လိုက်တိုင်း တုန်တက်သွားသည့်ပါးဖောင်းကြီးတွေရယ် မျက်လုံးနားတွင်ပေါ်လာသော အရစ်ကလေးတွေရယ်နှင့် သခင်ငယ်လေးက တကယ်ကို ချစ်ဖို့ကောင်းလွန်းလိုက်တာ။

"အဲ့လို ဝင်သွားလို့မရပါဘူး။အိမ်တော်မှာ သခင်လေးမရှိသေးတာမလို့ အရှေ့ဘက်ခြမ်းမှာ စောင့်ပေးပါ"

"ဖယ်စမ်း"

"ဖယ်ပေးလို့ မရပါဘူး။သခင်လေးရဲ့ ခွင့်ပြုချက်မရှိဘဲ အိမ်တော်ထဲကို သူစိမ်းဝင်ခွင့်မရှိပါဘူး"

𝘚𝘪𝘯 𝘧𝘳𝘰𝘮 𝘵𝘩𝘺 𝘭𝘪𝘱𝘴Where stories live. Discover now