스물넷

770 68 23
                                    

ကိုယ့်ဆောင်းဟန်ဘင်းကို ထိရဲတဲ့သတ္တိရှိရင် အဲ့ဒီ့အတွက်ရလဒ်ကိုလဲ ကြိုတွေးထားခဲ့သင့်တယ်။
________________________________________
'ဝုန်း'

ရင်ဘတ်ကနေစောင့်ကန်ခံလိုက်ရတာကြောင့် ထိုင်ခုံနှင့်ချည်ထားရက်ပင် အနောက်သို့ ဝုန်းကနဲ့ လန်ကျသွားပြီးနောက်မှာ ဆက်တိုက်အထိုးခံလိုက်ရသည်ကြောင့် အသက်ရှူဖို့ပင်အချိန်မရသလို မည်သူမည်ဝါမှန်းပင် မမြင်ရတော့သည်အထိဖြစ်လာပြီးနောက်မှာ ပူထူလာသောခံစားချက်နှင့်အတူ အော်ဖို့ပင် အသံထွက်မလာတော့ပေ။

အပေါ်ထပ်ကုတ်အား ချွတ်ထားသည့် ကျန်းဟာဟို​၏ နို့နှစ်ရောင် လည်ပိတ်ဆွယ်တာထက်တွင် သွေးတွေဟာ ပေကျံလျက်ရှိပြီး စူးရဲနေသည့် မျက်ဝန်းတွေနှင့်အတူ စရောက်တည်းက စကားတစ်ခွန်းမှ မဆိုသေးသလို ထိုသူဆီမှ ထွက်လာသော အော်ရာဟာ ဘေးနားရှိလူတိုင်းအား ဖိနှိပ်ထားသည်။

အင်္ကျီပေါ်တွင် သွေးတွေ ပေကျံနေကာ စူးရဲနေပါသော မျက်ဝန်းတွေနှင့်အတူ ဖမ်းချုပ်ထားသူပေါ်တွင် လက်သီးချက်များအား သဲကြီးမဲကြီး အသုံးပြုနေသည့် ကျန်းဟာအိုက အထိနာနေသည့် ကျားနာတစ်ကောင်ထက်ပင် ပိုကြောက်စရာကောင်းသလို အမဲဖြတ်ချင်နေသည့် သမန်းဝံပုလွေတွေထက်ပင် ဖိအားပြင်းလွန်းလှသည်။

'ဒူန်း!'

'ဂျွတ်'

ထိုင်ခုံခြေထောက်ပင် ဂျွတ်ကနဲ့ကျိုးသွားပြီး ဘေးနားသို့လွင့်သွားသည်အထိ ဖြစ်သွားတာကြောင့် မည်မျှပင် အားပြင်းကြောင်း ခန့်မှန်းနိုင်သည်။

'ဝုန်း!'

အခန်းထဲရောက်ရောက်ချင်းမှာပင် ထိုင်ခုံတွင်ချည်ထားသူအား ရင်ဘတ်ကနေ အားဖြင့် စောင့်ကန်လိုက်ကာ ထိုသူပေါ်မှ ခွ၍ အဆက်မပြတ် သဲကြီးမဲကြီးထိုးနေပုံက တကယ်ကို သွေးဆာနေသူတစ်ယောက်နှင့် တူလွန်းလှသည်ကြောင့် ဘေးနားရှိသူများသည် တုတ်တုတ်ပင်မလှုပ်နိုင်တော့သလို တစ်ခါမှမတွေ့ဖူးသည့် သူတို့Boss​၏ ပုံစံက နားထင်တွင်ချွေးများစို့စေသည်။

"ဘုန်း!"

ခုံနှင့်အတူ တွဲကျသွားတာကြောင့် ကျောပြင်က အတော်ပင်အထိနာသလို မျက်နှာပေါ်သို့ ဆက်တိုက် ဆက်တိုက်ကျရောက်လာသည့် ထိုးချက်များဟာ မျက်နှာအနှံအား ဖူးယောင်စေသည်။အချက်ပေါင်းမြောက်မြားစွာမဟုတ်သေးသည့်တိုင် အားပြင်းလှသည့်ထိုးချက်တွဟာ မျက်နှာအား ပူထူသွားစေပါသည်။

𝘚𝘪𝘯 𝘧𝘳𝘰𝘮 𝘵𝘩𝘺 𝘭𝘪𝘱𝘴Where stories live. Discover now