열일곱

578 92 30
                                    

ဆောင်းဟန်ဘင်းကိုယ်တိုင် သတိမထားမိရင်တောင်မှပဲ ထိန်းချုပ်ထားပါသော ခလုတ်တစ်ခုအလား စိတ်အလုံစုံထဲတွင် ကျန်းဟာအိုကသာ နေရာယူထားခဲ့ပါသည်။
_______________________________________
နေရောင်ခြည်နုနုအား အခန်းထဲသို့ ကျူးကျော်လာတာသိပေမယ့် နှဖူးကိုလက်တစ်ဖက်တင်လို့ ဆောင်းဟန်ဘင်းက အတွေးနွံထဲမှ ရုန်းမထွက်နိုင်သေးပါဘူး။

ဒယ်ဒီ့အပေါ် ဤကဲ့သို့ စိတ်မျိုးရှိနေသည်ဆိုသည်အား လက်ခံဖို့ရာ သူ့အတွက် တကယ်မလွယ်ကူခဲ့တာပါ။ကြောက်ရွံမှုတွေနှင့်အတူ ရူးသွားမတတ်ပင်။အဲ့ဒီ့ည တစ်ညလုံး ခံစားချက်ပေါင်းများစွာ နောက်မှာ လက်သင့်ခံလိုက်ရသည့်တိုင်အောင် ဆောင်းဟန်ဘင်း​၏ နေ့ရက်တွေက ထိုနေ့မှစလို့ ကယောက်ကယက်တွေဖြစ်လာခဲ့သည်။

ဒယ်ဒီ့ကိုမြင်လျှင် ထိန်းမရပါတဲ့ ရင်ခုန်သံတွေရယ်နှင့် မထိန်းချုပ်နိုင်တဲ့အခါ ကြောက်ရွံ့စွာ နေရာမှ ပြေးထွက်မိသည်အထိ အတွေ့ပင် မခံလောက်အောင်ဖြစ်ခဲ့ရသည်။

အကယ်၍ ဒယ်ဒီများ သိသွားခဲ့ရင် ဆိုသော ကြောက်ရွံမှုတွေဟာ ရင်ထဲဝင် သိုဝင်ကိန်းအောင်းနေခဲ့​၏။အမြဲတစေ သတိရှိတတ်သော ဒယ်ဒီက မည်သည့်အခြေအနေပင်ဖြစ်စေ သေချာပေါက် သူကိုယ်သူ ခုခံနိုင်စွမ်းရှိသည်။ဒါပေမယ့် သူဖြစ်နေခဲ့လို့ စိတ်ချစွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည့် ဒယ်ဒီက သူဖြစ်နေခဲ့လို့ ဆောင်းဟန်ဘင်းဖြစ်နေခဲ့လို့။

စဉ်းစားမိလိုက်တိုင်းမှ တနုံ့နုံ့ထွက်လာသော ဒေါသတွေနှင့်အတူ သူက ယုံကြည်မှုအား အလွဲသုံးစားလုပ်လိုက်မိတဲ့ သူက ဒယ်ဒီ့ဘေးနားတွင် ဆက်ရှိနေခဲ့ပြီး အဲ့ဒီ့ရင်ခုန်သံတွေကို မျက်နှာပြောင်တိုက်စွာ ခုံခုံမင်မင် ဖြစ်နေခဲ့တာ။

ရှက်ပါသည်။ဒယ်ဒီပေးတဲ့ မေတ္တာတွေကို သူ့ဘက်က ဖျက်ဆီးပြီး အဖြူရောင်ကြိုးအလွန်ထိ တိုးမိတဲ့သူ့ ကိုယ်သူ မသတီစိတ်တွေ အလုံးလိုက်ဝင်နေပေမယ့်လည်း လက်မလွှတ်နိုင်ပါဘဲ အရှက်မရှိသည့် သူတစ်ယောက်လိုမျိုး ပြောင်ပြောင်တင်းတင်း ကပ်ပါးတစ်ကောင်လို တွယ်ကပ်နေခဲ့တာပါ။

𝘚𝘪𝘯 𝘧𝘳𝘰𝘮 𝘵𝘩𝘺 𝘭𝘪𝘱𝘴Where stories live. Discover now