열둘

555 95 38
                                    

သွယ်တန်းနေတဲ့ မေတ္တာကြိုး အဖြူရောင်လေးဟာ တကယ်ကိုပင် လှပလွန်းလှသည်။
________________________________________
ဝေဝါးနေလှသည့် မြင်ကွင်းဟာ ရေပုံးလိုက် မညှာမတာ လောင်းချခြင်းခံလိုက်ရတာကြောင့် မွန်းသွားပြီးနောက်မှာ အားယူကာ ရှေ့ကမြင်ကွင်းအားကြည့်လိုက်မိသည်။

ခပ်အေးအေးပင် ထိုင်နေရင်း လက်ထဲရှိMacbookအား အေးဆေးစွာအသုံးပြုနေသည့်လူအားရှင်းလင်းစွာမြင်လိုက်ရပြီးနောက်မှာ ထိုနေရာကထရန်ကြိုပမ်းလိုက်ပေမယ့် တစ်ကိုယ်လုံးအား ခုံနှင့်ပူးချည်ထားခြင်းခံရသည်အား သတိထားမိသွား ရုန်းကန်နေသည့်အချိန်မှာပင် ထိုလူသံက စကားသံထွက်ပေါ်လာသည်။

"ကြိုးက မင်းဖြုတ်လို့ရမှာမဟုတ်ဘူး ပိုင်ယဲ့"

"မင်း!"

သေချာပေါက် သူ​၏နာမည်အား သိသူမရှိအောင်အထိ အကုန်လုံးကိုဖျောက်ကာ ရှင်းလင်းထားတာဖြစ်ပေမယ့် ယခုနာမည်အရင်းအား ခေါ်လာချိန်မှာတော့ အတော်ပင်အံ့ဩသွားသလို ပိုလို့ပင်ရုန်းကန်ရင်း ဆဲဆိုသံများပါထွက်လာသည်။

ကျန်းဟာအိုက လက်ထဲမှ Macbookအား ဘေးနားရှိစားပွဲပေါ်သို့ညင်သာစွာချလိုက်ပြီးနောက် ခုံနောက်သို့မှီကာ ခြေတစ်ဖက်အားချိတ်ထားသည့်အနေအထားအား အနည်းငယ်ပြင်လိုက်ပြီးနောက်
တစ်ဖက်သူ​၏ ရန်လိုစွာ ဆိုနေသော စကားများအား

"ကိုယ်ကအချိန်သိပ်မရဘူးဆိုတော့ ခပ်မြန်မြန်ပဲ အဆုံးသတ်ကြတာပေါ့ "

"အဟက်! ဘာလဲ ဘယ်သူခိုင်းတာလဲ ဆိုပြီး မေးမလို့လား ထွီ! ပေါပဲလိုက်တဲ့မေးခွန်း"

"အင်း ဟုတ်တယ် ပေါပဲလိုက်တဲ့မေးခွန်း သတင်းမဖတ်ရသေးဘူးထင်တယ် အာ! ဟုတ်သား လူသတ်ဖို့ရာမှာ တော်လွန်းပါတယ်ဆိုတဲ့ ယင်း က ကိုယ့်ခြေဖျားအောက်မှာ ရောက်နေတာပဲ"

ကျန်းဟာအို​၏ စကားအား စိတ်တိုသွားဟန်ရှိသည့် ယင်းဆိုသူက ကြိုးတုပ်ထားသည်ကိုပင် သူ့ဆီသို့ စူးရဲစွာစိုက်ကြည့်လာကာ

"ငါ့ကို ဒီလိုလုပ်တဲ့ အတွက် နောင်တရစေရမယ်။ငါ့နောက်မှာ ရှိတဲ့သူကို ဘယ်သူလို့ထင်နေတာလဲ။"

𝘚𝘪𝘯 𝘧𝘳𝘰𝘮 𝘵𝘩𝘺 𝘭𝘪𝘱𝘴Where stories live. Discover now