스물둘

644 87 38
                                    

ဒါက ကိုယ်ကျိုးအတွက် အတ္တကြီးခဲ့တာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တဲ့အကြည့်တွေက သူ့အတွက်တော့ မထိုက်တန်ပါဘူး။
_________________________________________
ဂန္တဝင်ဆန်လွန်းလှတဲ့ တေးသွားတွေဟာ ဟောခန်းတစ်ခုလုံးတွင် ပျံ့လွင့်လျက်ရှိသည်။ငြိမ့်ညောင်းလှသည့်သံစဉ်တွေကြားတွင် လွင့်မျောနေသော အရောင်အသွေးစုံလှသည့် ပျိုအ
မဒီတွေဟာ အထက်တန်းကျစွာဖြင့် ဆွဲဆောင်မှုရှိလွန်းလှ​၏။

ဟောခန်းထဲသို့ ခြေချလိုက်သညိနှင့် ကျန်းဟာအိုဆီတွင် အကြည့်တွေအကုန်လုံးက စုပြုံလာသည်။ဝတ်စုံပြည့်ဖြင့် လူတွေကြားတွင် ကျန်းဟာအို​၏ ပေါ့ပါးလွန်းလှသည့် ပုံစံက ကွဲထွက်နေပေမယ့် စူးရှလွန်းလှသည့် မျက်ဝန်းတွေဟာတော့ ထိုသူ​၏ အရှိန်အဝါအား နည်းနည်းလေးမှမလျော့စေပါဘဲ ဒီပုံစံက တမူထူးခြားကာ ဆွဲဆောင်မှုရှိလွန်းလှတာကြောင့် ပျိုမဒီတွေအပြင် အမျိုးသားငယ်အချို့​၏ အကြည့်တွေကပါ တဝဲလည်လည်ရောက်ရှိလာသည်။

နို့နှစ်ရောင်လည်ပိတ်ဆွယ်တာပေါ်တွင် ထပ်ဝတ်ထားသော အညိုရောင် တင်ပါးအောက်နားထိဖုံးသော ကုတ်အားအနောက်သို့ပို့ကာ လက်တစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲသို့ ထည့်ထားပြီး သွယ်တန်းကာကျစ်လျစ်လှသည့် ခြေတံရှည်တွေအား အသုံးပြုကာ လမ်းလျောက်လာသည့် ကျန်းဟာအိုက မည်သူ့ကိုမျှပင် အကြည့်မပို့ပါဘဲ သူသွားရမည့်လမ်းကြောင်းဆီတွင်သာ အာရုံထားထားပုံဟာ အခုချင်ချင်းပင် ထိုသူ​၏ရှေ့၌ ဒူးထောက်ခစားချင်မိလောက်အောင်အထိ ပြင်းထန်သော ခံစားချက်အား ပေးသည်။

"စီအီးအိုကျန်း"

ကျန်းဟာအိုက ဘေးနားမှဖြတ်သွားသော ဝိတ်တာဆီက ရှန်ပိန်တစ်ခွက် ယူလိုက်ပြီး တစ်ငုံခန့်သောက်ပြီးကာမှ

"အို! ယွင်ဥက္ကဋ္ဌပဲ"

အခုမှမြင်ဟန်ပြောလာသော ကျန်းဟာအိုကြောင့် ယွင်ဖေးရန်က မျက်နှာပျက်သွားပေမယ့် ချက်ချင်းပင်ထိန်းလိုက်ကာ လက်ကမ်းပေးလိုက်ရင်း

"လာပေးလို့ ကျေးဇူးတင်ပါတယ် စီအီးအိုကျန်း"

"တကူးတကဖိတ်ထားတာပဲ မလာရင် ရိုင်းရာကျမယ်မလား"

𝘚𝘪𝘯 𝘧𝘳𝘰𝘮 𝘵𝘩𝘺 𝘭𝘪𝘱𝘴Where stories live. Discover now