열아홉

576 97 87
                                    

ပထမဆုံးစတွေ့သည့်နေ့မှတိုင် ယနေ့အထိ ထိုလက်ဖဝါးတွေဟာ နွေးထွေးနေတုန်းပဲရယ်။
________________________________________
"Seamus,  Valdisက မင်းပြန်ရောက်ရင် သူ့အခန်းကို လာခဲ့ဖို့ မှာသွားတယ်"

"အခု?"

ကားပါကင်ထိုးပြီးနောက်မှာ အဆောင်ဘက်သို့ သွားရန်ပြင်နေစဉ် ဘေးနားသို့ ပြေးလာကာ အမောတကောပြောလာသည့် Neilကြောင့် ဆောင်းဟန်ဘင်း အံ့ဩစွာပြန်မေးမိသည်။

ဒယ်ဒီက ပြန်ရောက်နေတာလား?

"အေး ဟုတ်တယ် ရောက်တာနဲ့ချက်ချင်းတဲ့"

တစ်ရက်ကျော်သာရှိသေးတာဖြစ်လို့ အတော်လေးမြန်သည့် ခရီးစဉ်ဟုဆိုလို့ရသည်။သို့သည့်တိုင်အောင် အခုက သန်းခေါင်ယံပင်ရောက်နေပြီ ဖြစ်သည့်အတွက် ဆောင်းဟန်ဘင်းဆီတွင် မေးခွန်းအနည်းငယ်ပေါ်လာပေမယ့် အများကြီးစဉ်းစားမနေတော့ပါဘဲ ခေါင်းငြိမ့်လိုက်ကာ

"အော ငါသွားလိုက်မယ် တာဝန်ချိန်လား?"

"အေး ဟုတ်တယ်"

"တာဝန်ကျေလိုက်ဦး ငါသွားပြီ"

ဆောင်းဟန်ဘင်းက Neilအား လက်ပြ နှုတ်ဆက်လိုက်ပြီးနောက်မှာ ခပ်သွက်သွက်ပင် ဒယ်ဒီ့အခန်းဆီသို့ ဦးတည်လိုက်​၏။

"ဒေါက် ဒေါက်"

အခုနကအထိ သာမန်ဖြစ်နေပါသော ဆောင်းဟန်ဘင်းဟာ ကျန်းဟာအိုနှင့် တံခါးတစ်ချက်သာခြားတော့သည်အား တစ်ချက်ပင် တွေးလိုက်မိပေမယ့် နှလုံးခုန်သံတွေက မြန်ဆန်လာသလို စိတ်လှုပ်ရှားမှုတွေနှင့်အတူ ပျော်ရွှင်မှုဟူသောခံစားချက် အချို့က ရောယှက်နေလာ​၏။

သူကိုယ်တိုင်တောင် လိုက်မမှီတော့ပါတဲ့ ခံစားချက်တွေဟာ ထုတ်ဖော်ပြဖို့ ခက်ခဲလွန်းလှပါသည်။

မစ်ရှစ်ကျရှုံးခဲ့တာဖြစ်လို့ စိတ်ထင့်သွားတဲ့ ဒယ်ဒီက အခုတစ်ခေါက်ခေါ်တာမှာရော မည်သည်အတွက် ဖြစ်နိုင်ပါသနည်း။

"ဝင်ခဲ့"

တစ်ပြေးညီတည်းဖြစ်ပါသော အသံဟာ ဒီအတိုင်းကိုပင် အရှိန်အဝါအပြည့်ရှိလွန်းလှပါသည်။ဒီအတိုင်း စာလုံးလေးနှစ်လုံးပေသည့်တိုင် ဆောင်းဟန်ဘင်း​၏ နှလုံးသားကို အရည်ပျော်စေဖို့ လုံလောက်ပါ​၏။

𝘚𝘪𝘯 𝘧𝘳𝘰𝘮 𝘵𝘩𝘺 𝘭𝘪𝘱𝘴Donde viven las historias. Descúbrelo ahora