열넷

561 102 59
                                    

အဲ့နေ့က ဆုံးဖြတ်ချက်ဟာ ကျွန်တော့်အတွက် ရွေးချယ်မှုမဟုတ်ဘဲ အကြောင်းပြချက်ဖြစ်နေခဲ့တာပါ။
_________________________________________
ဆောင်းဟန်ဘင်းရဲ့အသက်ဆယ့်ခြောက်နှစ်မှာ ကျန်းဟာအိုက ရွေးချယ်မှုတစ်ခုကို ပြုလုပ်ခိုင်းခဲ့သည်။

"အထက်တန်းအောင်ရင် ဘာဆက်လုပ်ဖို့စဉ်းစားထားလဲ"

ကျန်းဟာအိုရဲ့အမေးကိုဖြေဖို့အတွက် ဆောင်းဟန်ဘင်းမှာ တကယ်ကို အဖြေမရှိပါဘူး။ဂစ်တာခေါက်ရတာကို သဘောကျပြီး သံစဉ်တွေကိုချစ်တယ်။ပြီးရင် စာအုပ်တွေကို သဘောကျတဲ့ သူ့အဖို့ တကူးတကကြီး ဝါသနာဆိုတာမျိုးမရှိဘူးရယ်။

အဲ့ထက်ပိုပြီးဆိုရရင် သူ့မှာ အိပ်မက်မရှိတာ။တကယ်ကို ဒီနှစ်တွေမှာ စိတ်လွတ်ကိုယ်လွတ်နေခဲ့မိတာပဲ။နောင်တရနေတာလားဆိုတော့ ပျော်ခဲ့ရတာမလို့  တကယ်ကို လှပတဲ့အတိတ်တွေပါ။

အခု ဒယ်ဒီ့ရဲ့အမေးက သူ့ကို နေရာတစ်ခုဆီသို့ ဆွဲထုတ်လိုက်သလိုမျိုးပါပဲ။အနာဂတ်ဆိုတဲ့ အရာမှာ သူ့အတွက် နေရာတစ်ခုကို ယူဖို့ ကြိုးစားရဦးမှာပဲ။

ကျန်းဟာအိုက ရှေ့မှာငြိမ်ကျသွားကာ အတွေးများနေတဲ့ ဆောင်းဟန်ဘင်းကိုကြည့်လိုက်ပြီး စိတ်ရှည်ရှည်ပင် တစ်ဖက်မှ ပြောလာမည့် စကားအား စောင့်ပေးသည်။

"ကျွန်တော် မသိဘူး ဒယ်ဒီ"

"ကိုယ်အလျင်မလိုပါဘူး မင်းမှာ စဉ်းစားဖို့အချိန်တွေရှိတယ်"

ကျန်းဟာအို​၏ စကားအား ဆောင်းဟန်ဘင်းက လက်ခံစွာပင် ခေါင်းငြိမ့်လိုက်သည်။ထို့နောက်မှာ ကျန်းဟာအိုက စကားအားတစ်ထောက်နားပြီး

"ပြီးတော့ ကိုယ့်ဘက်က မင်းကိုပြောစရာရှိတယ်"

"ဟုတ်ကဲ့"

ကျန်းဟာအိုက စကားမစမီမှာ  သူ့ရှေ့တွင်ရှိနေသော ဆောင်းဟန်ဘင်းအား တစ်ချက်ကြည့်ကည အကဲခတ်မိတော့ ဆောင်းဟန်ဘင်းက သူပြောလာမည့်စကားများအား အလေးအနက်ထားကာ သေချာနားထောင်နေဟန်ရှိတာဖြစ်လို့ ကျေနပ်သွားပြီး စကားအစပျိုးသည်။

"အခုလောလောဆယ်မှာ လူတိုင်းက မင်းကို ယင်းယွဲ့ရဲ့သခင်ငယ်လေး Blue-Codeရဲ့ဆက်ခံသူလို့သိကြထားတယ်။ဒါက သေချာပေါက် Blue-Codeကို ဆက်ခံရမယ်လို့မဆိုလိုဘူး"

𝘚𝘪𝘯 𝘧𝘳𝘰𝘮 𝘵𝘩𝘺 𝘭𝘪𝘱𝘴Where stories live. Discover now