열다섯

585 95 49
                                    

​ဝီစကီနံ့သင်းသင်းတွေဟာ လေငွေ့တွေကြားထဲတွင် ဝုန်းဒိုင်းကြဲရင်း ဆောင်းဟန်ဘင်း​၏ ဝိဉာဉ်အမြုတေကို ယူဆောင်လာခဲ့သည်။
_________________________________________ဆောင်းဟန်ဘင်းက ရေးလက်စ စာကိုလက်စသတ်လိုက်ပြီးနောက်မှာ ဘောပင်ကိုချလိုက်ပြီး အကျောဆန့်လိုက်သည်။ထိုင်နေတာ တော်တော်ကြာနေပြီဖြစ်တာမလို့ ဇာတ်ကြောတွေပါ တက်နေတာကြောင့် လက်ဖြင့်ဖိလိုက်ပြီး ခေါင်းကိုအနောက်သို့လှန်ချကာ မျက်ခုံးမှိတ်လိုက်မိသည်။

ထို့နောက်မှာတော့ စာအုပ်တွေကိုနေရာတကျပြန်စီလိုက်ကာ နာရီအားလှမ်းကြည့်မိတော့ ဆယ့်တစ်ခွဲနေပြီဖြစ်တာကြောင့် အိပ်ရန်ပြင်လိုက်သည်။

ဆယ့်ခြောက်နှစ်ဖြစ်ပေမယ့် အထက်တန်းနောက်ဆုံးနှစ်ကိုကျော်တက်ဖို့အတွက် လုံးပန်းနေတာဖြစ်လို့ ဒီနှစ်မှာတော့ သူ့အတွက် အချိန်ဇယားတစ်ခုလုံးမှာ စာအတွက်သာပြည့်နေခဲ့သည်။

ထို့အပြင်ကို စီးပွားရေးနဲ့ပတ်သတ်သည်များအား လေ့လာနေတာဖြစ်ပြီး zoom classတစ်ခုပါ တက်နေတာဖြစ်သလို တစ်ပတ်မှာ ဒယ်ဒီပေးတဲ့အချိန်ဇယားအတိုင်း ဂိုဏ်းတွင် လေ့ကျင့်ရေးပါ ဆင်းရသည်ဖြစ်လို့ ဒီိနှစ်က တကယ်ကိုပင်ပန်းသည့်နှစ်ဖြစ်ပေမယ့် ဆောင်းဟန်ဘင်းက တစ်ချက်လေးမျှ မျက်နှာမပျက်ခဲ့ပါဘူး။

စီးပွားရေးနှင့်ပတ်သတ်ပြီး ဒယ်ဒီက တစ်ခါတစ်ရံ နည်းနည်းစီပြောပြတတ်တာဖြစ်လို့ သူ့အတွက်စိမ်းမနေသလို ခြောက်နှစ်တာ လေ့ကျင့်လာပါသော ကိုယ်ခံပညာနှင့်အတူ လက်နက်အချို့ကိုပါ ကျွမ်းကျင်စွာ အသုံးပြုတတ်သော သူ့အတွက် လေ့ကျင့်ရေးကလည်း ထင်သလောက် မခက်ခဲခဲ့ပါဘူး။

အဲ့နေ့ညမှာပဲ သူ့ဘက်က ဆုံးဖြတ်ချက်အား ပြောပြသည့်အခါ ဒယ်ဒီက အံ့ဩသွားသကဲ့သို့ သူ့အားကြည့်လာပြီးနောက်မှာတော့ ရှားပါးလွန်းလှပါသည့် အပြုံးပါးပါးလေးအား မြင်လိုက်ရသည့်အခါ ဆောင်းဟန်ဘင်းက ယုံကြည်မှု ပိုလို့ပင်ရှိသွားသလိူ ခံစားလိုက်ရသည်။

ဒီနှစ်ကို အထက်တန်းအောင်ဖို့ကြိုးစားရင်း စီးပွားရေးနှင့်ပတ်သတ်တဲ့ ဘွဲ့တစ်ခုပါ ယူမည်ဟူသော သူ​၏အစီအစဉ်တွေနှင့်အတူ နောက်နှစ်မှစလို့ အတည်တကျ ဂိုဏ်းထဲဝင်မည်ဆိုသော အချက်ကိုပါ ဒယ်ဒီက တစ်ခွန်းမှမမေးပါဘဲ လက်ခံပေးခဲ့သည်။

𝘚𝘪𝘯 𝘧𝘳𝘰𝘮 𝘵𝘩𝘺 𝘭𝘪𝘱𝘴Where stories live. Discover now