열셋

583 105 24
                                    

မင်းလျှောက်တဲ့လမ်းက မှန်တယ်လို့ ခံယူထားရင် မင်းမှာဆိုးချင်သလောက်ဆိုးပိုင်ခွင့်ရှိတယ်။
____________________________________
အဲ့နေ့ကိစ္စနောက်မှာ ကျန်းဟာအိုက ဆောင်းဟန်ဘင်းအတွက် ပိုပြီးဂရုစိုက်ပေးလာသည်။အရင်လူများအား အထူးကြပ်မတ်ထား​ခြင်းခံရသော လေ့ကျင့်ရေးဆင်း လူအချို့နှင့်လဲပေးပြီး လုံခြုံရေးကိုပိုတင်းကျပ်ပြစ်ပေမယ့် လွတ်လပ်ခွင့်တွေအား ပိတ်ပင်ပြစ်တာမျိူး မဟုတ်တာကြောင့် အဆင်ပြေပါသည်။

ထို့အပြင် တစ်ခါတရံ ဒယ်ဒီကိုယ်တိုင် ကျောင်းပို့ပေး ကြိုပေးတာမျိုးကနေ အကြိမ်အရေအတွက်စိပ်လာသည်အထိ ဖြစ်လာတဲ့အခါ ဆောင်းဟန်ဘင်းအတွက်ကတော့ ပျော်စရာကြီးတစ်ခုဖြစ်သွားတာပါပဲ။

ကိုယ်ခံပညာနှင့်ပတ်သတ်လို့လည်း ဒယ်ဒီကိုယ်တိုင်က နည်းနည်းစီ သင်ပေးလာသည့်အခါ ဆောင်းဟန်ဘင်းအတွက် ဒယ်ဒီနှင့် နေရသည့် အချိန်တွေပိုများလာခဲ့သည်။

အေးစက်လွန်းတယ်လို့ပြောနေကြပါတယ် ဆောင်းဟန်ဘင်းရဲ့ဒယ်ဒီက ဆောင်းဟန်ဘင်းအပေါ်ဆို နွေးထွေးလွန်းလှပါသည်။

*

'ခွပ်!'

'ခွပ်!"

လူတစ်ယောက်ကိုခွကာ လည်ပင်းကအင်္ကျီစကိုဆွဲရင်း စိတ်ရှိလက်ရှိထိုးနေပြီးနောက်မှာ မျော့မျော့ပဲကျန်တော့သည့် ထိူသူအား မြေပေါ်သို့ ခပ်ပြင်းပြင်းပစ်ချလိုက်ကာ သူ့ဆီသို့ပြေးလာသော နောက်တစ်ယောက်​၏ ရင်ဘတ်အား ခြေထောက်ဖြင့်ပိတ်ကုန်လိုက်တာကြောင့် ဝုန်းကနဲပစ်လဲသွားသည်။

နဂိုကတည်းက အထိနာနေသူဖြစ်တာကြောင့် သူ​၏ တစ်ချက်မျှသော ကန်ချက်ဟာပင် ထိုသူအား ထမရလောက်အောင်အထိ ဖြစ်သွားစေသည်။

'ဂျွတ်!'

"အား!"

ဘေးနားရှိ တုတ်တစ်ကြောင်းအား ဆွဲယူလိုက်ပြီး နံရံအား အားပြုကာရပ်နေရတာတောင်မှ မာန်မလျော့သေးသည့် သူဆီသို့ တစ်ချက်မျှလွှဲရိုက်လိုက်ပြီးသည့်အခါမှ ကျေနပ်သွားဟန် မျက်ခုံးတစ်ဖက်အား ပင့်လိုက်မိသည်။

ဆောင်းဟန်ဘင်းက ပါးစပ်ထဲရှိ ငန်ကျိကျိအရသာအားခံစားလိုက်ရသည့်အတွကက် ပါးစောင်ပေါက်သွားကြောင်းသိလိုက်သလို မျက်ခုံးနားရှိ ခြစ်ရာအား လက်မဖြင့်ထိလိုက်ပြီး လက်ထဲသို့ပါလာသော သွေးစအား လက်မနှင့်လက်ညိုးကိုအသုံးပြု၍ ဖိချေလိုက်ကာ စုတ်သပ်လိုက်မိသည်။

𝘚𝘪𝘯 𝘧𝘳𝘰𝘮 𝘵𝘩𝘺 𝘭𝘪𝘱𝘴Where stories live. Discover now