열여덟

610 89 36
                                    

အဆုံးသတ်မှာ မပေါင်းဖက်နိုင်ခဲ့ရင်တောင် အနည်းဆုံးတော့ တွေ့ဆုံခဲ့ကြတာပဲ။ဒီလောက်ဆို လုံလောက်ပါပြီ။
________________________________________
ဆူညံနေတဲ့ ပတ်ဝန်းကျင်က ဆောင်းဟန်ဘင်းအတွက် အဆင်မပြေသည့်တိုင် မပြန်ချင်သေးတာဖြစ်လို့ ပေကပ်ပြီးထိုင်ကာ ရှေ့တွင်ရှိသော ကော့တေးတစ်ခွက်ကိုသာ တအိအိသောက်ရင်း အရသာခံနေမိသည်။

အသက်မပြည့်သေးပေမယ့် အားလုံးက အသိုင်းအဝိုင်းကြီးထဲကသူတွေဖြစ်တာကြောင့် ဒီနေရာကိုဝင်ဖို့ရာ မခက်ခဲပါဘူး။Alcohol ကို လုံးဝမထိဖူးသည်အထိ ရိုးလွန်းသူ မဟုတ်တာဖြစ်လို့ ကော့တေးလောက်ကတော့ သူ့အတွက်အဆင်ပြေပေမယ့် ကားမောင်းရဦးမှာဖြစ်တာကြောင့် ဒီတစ်ခွက်ကိုသာ အချိန်ဆွဲကာ အရသာခံနေမိသည်။

သီချင်းသံတွေရယ် ရောင်စုံမီးလုံးတွေဟာ စိတ်ကျဉ်းကျပ်စရာကောင်းသလို ဘေးနားရှိ သူငယ်ချင်းတွေ ဆွယ်လာသော စကားဝိုင်းဟာလည်း သူ့အတွက်ပျင်းရိစရာကောင်းလွန်းလှသည်။

"ဟန်ဘင်း မင်းက ငြိမ်နေတာပဲ"

အင်ဆောဟိုက သူ့ဆီဦးတည်ကာစလာသည့်စကားအား ဘေးနားရှိ သူငယ်ချင်းများကပါထောက်ခံလာသည့်အခါ ဆောင်းဟန်ဘင်းက လက်ထဲရှိ ကော့တေးခွက်ကို မြှောက်ပြလိုက်ပြီး ခေါင်းအသာရမ်းကာ ရယ်ပြလိုက်သည်။

သူတို့ကအဖွဲ့ပေမယ့် ငယ်ငယ်တည်းက အပြုံးချိုချိုလေးတွေနှင့် သဘောကောင်းလွန်းသည့်တိုင် အနေအေးပါသော ဆောင်းဟန်ဘင်းက အဖွဲ့ထဲတွင် အမြဲတစေ သီးသန့်ခွဲထွက်နေခဲ့သည်။

"တခါတလေ ဆုံတုန်းလေးဟာကိုကွာ လာစမ်းပါ အပျော်လေးနည်းနည်းလောက် ရှာရအောင်"

"ဟေ့!"

ပတ်ခ်မင်ဟျောင်းကပါဝင်ပြောလာပြီးနောက် ဘေးနားရှိ လူအချို့အားညအချက်ပြလိုက်သည့်ကြောင့် သူတို့ဝိုင်းဆီသို့ မိန်းမလှလေးအနည်းငယ်က ချက်ချင်းပင် ရောက်လာသည်။

ဆောင်းဟန်ဘင်းက ဘေးနားတစ်ဖက်တစ်ချက်ဆီသို့ရောက်လာသော ကောင်မလေးနှစ်ယောက်ကြောင့် စိတ်အိုက်သွားပေမယ့် ဘာမှမပြောဖြစ်ပါဘဲ Dance floor ဆီသို့ အကြည့်ပို့လိုက်မိ​၏။

𝘚𝘪𝘯 𝘧𝘳𝘰𝘮 𝘵𝘩𝘺 𝘭𝘪𝘱𝘴Where stories live. Discover now