스물

536 86 60
                                    

ဆယ်ကျော်သက်အရွယ်တွေဟာ အချစ်ကို ရူးသွပ်ကြတယ်။ဒါဆိုရင် ဆယ်ကျော်သက်အရွယ် ဆောင်းဟန်ဘင်းအတွက် ကျန်းဟာအိုက ရူးသွပ်မှု ဖြစ်ခဲ့တယ်။
________________________________________
တစ်ညလုံး စောင်လွှားပေးတာကိုမခံပဲ ခြုံပေးလိုက်တိုင်း ပြန်ကန်ကန်ချကာ သူ့ဘေးနားသို့သာတအိအိတိုးကာ ကွေးကွေးလေးကပ်နေသည့် ပဲစေ့သေးသေးလေးဟာ မနက်ခင်းရောက်သည်အထိ မလှုပ်မယှက်ပင် ရင်ခွင်ထဲတိုးဝင်နေသေးတာကြောင့် ကျန်းဟာအိုက နိုးနေသည့်အချိန်မှ နာရီအတော်ကြာသည်အထိ စောင့်နေပေးသည့်တိုင် နေ့တစ်ဝက်ရောက်သည်အထိ နိုးမလာပါဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့်အခါ လက်မောင်းပေါ်တွင် တစ်ဝက်ခန့်ရောက်နေသော ခေါင်းလုံးလုံးလေးအား အသာကြွကာ ထရန်ပြင်လိုက်သည်။

ဘေးတစ်စောင်းအိပ်နေသည် ဖြစ်တာကြောင့် ပါးတစ်ဖက်ဟာ အဖိခံထားရပြီး စုချွန်ထွက်နေသော မက်မွန်ရောင် နှုတ်ခမ်းလုံးလုံးလေးအပြင် နှဖူးပေါ်တွင် ဆံပင်တွေအုပ်ကျနေကာ  နေရာရွေ့သွားတာကြောင့် အနည်းငယ်လှုပ်သွားရုံမှလွဲ၍ မျက်လုံးပင် ပွင့်မလာသေးသော ကောင်လေး​၏ မျက်ခွံပေါ်ထိရောက်နေသော ဆံပင်တွေအား သပ်တင်ပေးလိုက်ပြီးနောက်မှာ ကျန်းဟာအိုက အချိန်ဆွဲမနေတော့ပါဘဲ ကုမ္ပဏီသွားရန် ပြင်လိုက်သည်။

​'အမည်-ဗီယာ မျိုရိုး-ကင်မ်'

မနေ့က တစ်ခါသိပြီးသားဖြစ်ပေမယ့် ထပ်မံ၍ စုံစမ်းခိုင်းထားသော အချက်အလက်များအား ဖတ်ကြည့်ရင်း ကျန်းဟာအိုက မျက်ခုံးတစ်ဖက်ပင့်လိုက်မိ​၏။Enidကိုယ်တိုင် စုံစမ်းထားတာဖြစ်လို့ အချက်အလက်တွေဖျောက်ထားသည်ဆိုရင်တောင်မှ အစကနေပြန်ဖော်နိုင်တာဖြစ်ပေမယ့် ထပ်မံရောက်လာသော အချက်အလက်တွေက သာမန်သာဖြစ်နေတာဖြစ်လို့ အံ့ဩမိသွားတာတော့အမှန်ပင်။

သာမန်မျိုးရိုးဖြစ်ပြီး မိသားစုဝင်မရှိပါပဲ တစ်ကိုယ်တည်းရပ်တည်နေပါသော မိန်းကလေးတစ်ယောက် ပညာရေးအခြေအနေကြည့်ရုံနှင့်တင် ထက်မြက်သည်ဆိုသည်အား သိနိုင်သည့်တိုင် ကလပ်တစ်ခုတွင် အလုပ်လုပ်နေတာက ထူးဆန်းသလို ခပ်စူးစူးစိုက်ကြည့်နေသည့်သူ့အား မခိုးမခန့်ကြည့်လာကာ ပြုံးပြသွားသည်ကလည်း ပဟေဠိတစ်ခုပင်ဖြစ်သည်။

𝘚𝘪𝘯 𝘧𝘳𝘰𝘮 𝘵𝘩𝘺 𝘭𝘪𝘱𝘴Where stories live. Discover now