다섯

682 86 24
                                    

အပြာရောင်အဝတ်ထုတ်ထဲမြှုပ်နေတဲ့ ပဲစေ့သေးသေးလေးက တကယ်ကို စိတ်ရှုပ်စရာ အရှုပ်ထုပ်ကလေး။
______________________________________
​လမ်းတစ်လျှောက်လုံးတွင် မြင်မြင်သမျှဟာ ခြောက်နှစ်အရွယ် ကလေးတစ်ယောက်အတွက်တော့ အံ့ဩစရာရယ်လို့ မရှိပေမယ့် ဆောင်းဟန်ဘင်းဆိုသည့်ပဲစေ့လုံးသေးသေးလေးအတွက်ကတော့ အများကြီးထူးဆန်းနေခဲ့သည်။

ကားနောက်ခန်းထဲရှိ ခုံပေါ်၌ ကျန်းဟာအိုတင်ထားပေးထားသည့်အတိုင်း ငြိမ်ငြိမ်လေးထိုင်ရင်း ကားမှန်ပြတင်းပေါက်ကနေတစ်ဆင့် အပြင်သို့ငေးနေသည့် မျက်လုံးဝိုင်းဝိုင်းလေးတွေဟာ တလက်လက်နှင့်ရယ်။

အနောက်သို့မှီထိုင်နေတာမဟုတ်တာတောင် လေပေါ်သို့မြှောက်နေသေးသည့် ခြေထောက်သေးသေးတုပ်တုပ်လေးတွေအား တို့တိတို့တိဖြင့် လှုပ်ကာကစားနေပြီး ကားမှန်ပြတင်းပေါက်ထိမမှီသေးသည့် အရပ်ကြောင့် မျက်နှာတစ်ဝက်လောက်က ကားထဲမြှုပ်နေတာကြောင့် လက်သေးသေးနှစ်ဖက်အားဘေးတစ်ဖက်စီအနည်းငယ်ထောက်အားပြုရင်း ကားအပြင်ဘက်သို့ ငေးနေသည်အား ကျန်းဟာအိုက တစ်ချက်မျှစူးစိုက်ကြည့်လိုက်ပြီးနောက်မှာတော့ လက်ထဲရှိ စာရွက်တွေကိုသာ အာရုံစိုက်လိုက်မိသည်။

တကယ်ကို စိတ်ရှုပ်စရာလေးပဲ။

အီမင်ဟွန်းက နောက်ခန်းထဲမှ ကလေးသေးသေးလေးအား မျက်လုံးထောင့်ကပ်ကာ ကြည့်နေသည့် Bossဖြစ်သူအား နော
က်ကြည့်မှန်မှတစ်ဆင့် မြင်လိုက်သည့်အခါ တစ်ချက်မျှပြုံးလိုက်မိသည်။

ချစ်စရာအပြုအမူလေးတွေနှင့်ကလေးပိစိလေးရယ် မျက်မှောင်ကုတ်ထားပေမယ့် စိတ်ရှုပ်နေဟန်နှင့်မတူပါဘဲ ကလေးပိစိလေးဆီတွင်သာ တိတ်တဆိတ် အာရုံစိုက်ထားသော ကောင်ငယ်လေး​၏ နှုတ်ခမ်းပါးပြေပြေလေးဟာ အနည်းငယ်မျှကော့တက်နေခဲ့သည်။

"သခင်လေး"

အိမ်တော်အတွင်းသို့ဝင်ဝင်ချင်းတွင်ပင် ဘေးနားသို့ရောက်လာသည့် အိမ်တော်ထိန်းမင်အား ကျန်းဟာအိုက ခေါင်းတစ်ချက်မျှ ငြိမ့်ပြပြီးနောက်မှာ ဧည့်ခန်းဆီသို့ခြေလှမ်းများအား ဦးတည်သည်။

𝘚𝘪𝘯 𝘧𝘳𝘰𝘮 𝘵𝘩𝘺 𝘭𝘪𝘱𝘴Where stories live. Discover now