Part-1

2.8K 123 1
                                    


"Han Yujin shii...မပြီးသေးဘူးလားဟ...ပထမဆုံးနေ့ကိုနောက်ကျတော့မယ်ကွာ..."

Yujinရဲ့အခန်းရှေ့ကနေ တတွတ်တွတ်နဲ့အော်နေတဲ့ Gunwookကြောင့် Yujinမှာ
လွယ်အိတ်ကိုအမြန်ကောက်ဆွဲ၍ထွက်လာရတော့သည်။
မဟုတ်ရင်Yujinတစ်လမ်းလုံးနားပူတော့မှာ........

"yrr...Han Yujin..."

"လာပါပြီလို့...ဘာလို့အသည်းသန်အော်နေရတာလဲ...."

"မအော်စေချင်ရင်မင်းနောက်
မကျအောင်လုပ်လေ...."

"အမြဲတမ်းဆူနေတာပဲ..."
Yujinမျက်နှာလေးရှုံ့၍ မကျေမနပ်လေးပြောလိုက်သည်။

"ဟေး....မျက်နှာကိုပြင်နော်...ဘာပြောရသေးလို့လဲ..."

"Taeraeရော..."

မီးဖိုချောင်ဘက်ကိုမေးငေါ့ပြတာကြောင့် သွားဖို့ပြင်လိုက်စဥ် Taeraeက လက်ထဲမှာပေါင်မုန့်တစ်လုံးနဲ့နွားနိုးဘူးကိုကိုင်ပြီးထွက်လာသည်။

"ကဲ...ရော့ကိုယ်တော်...ဒါစားသွား..."

"ဟာ...မစားချင်ပါဘူး..."
Yujinလေးအထွန့်တက်လိုက်စဥ်
Park Gunwookရဲ့ဆူပူသံ​ကြီးကထွက်လာပြန်သည်။

"မစားလို့မရဘူး...ကိုယ့်အကြောင်းကိုယ်သိYujin.."

"ကဲပါ...Yujinလေးရယ်...စားလိုက်ပါ...မဟုတ်ရင်အစာအိမ်ကပြန်အောင့်နေအုံးမယ် "

Taeraeရဲ့ချော့ပြောမှုကြောင်​့သာ
မစားချင်စားချင်နဲ့အမြန်ယူစားလိုက်ရသည်။Park Gunwookကိုတော့မျက်စောင်းကြီးပဲထိုးပစ်လိုက်သည်။လူကိုအမြဲအငယ်လိုဆူပူနေတာမကြိုက်ပါဘူး.....

သူတို့၃ယောက်သည် တစ်ဝမ်းကွဲ
ညီအစ်ကိုတွေဖြစ်ကြသည်။Gunwookနှင့်TaeRaeသည်
Yujinထက်တစ်နှစ်ဆီကြီးသော်လဲ
Yujinကတော့ရွယ်တူလိုပဲပြောသည်။

၃ယောက်လုံးပထမနှစ်စတက်ရမှာချင်းတူတူဖြစ်သော်လဲYujinလေးဟာတစ်နှစ်ငယ်ပါသည်။
ထို့ကြောင့်လဲYujinကိုဆိုအဲ့၂ယောက်ကအမြဲကလေးလိုဆက်ဆံကြသည်။

နယ်ကနေ၃ယောက်ယောက်တူတူတက်လာကြပြီးကျောင်းတက်စေဖို့အတွက် လူကြီးတွေပေါင်းပြီး
တိုက်ခန်းတစ်ခန်းဝယ်ပေးထားသည်။

နယ်ကတက်လာတယ်ဆိုပြီးလဲအထင်မသေးမိပါနဲ့ တောသူဌေးသားလေးများပင်ဖြစ်သည်။
Yujinကတော့တစ်မျိုးလုံးတစ်ဆွေလုံးရဲ့အချစ်တော်လေးလဲဖြစ်သလိုအလိုလိုက်ခံလေးလဲဖြစ်သည်။

Heart Sharker (Completed)Where stories live. Discover now