Part-12

1.2K 119 3
                                    

"ဟေး..မရဘူးနော် မလိုက်ရဘူးဆိုမလိုက်ရဘူးပဲ...ကိုယ်လဲမလိုက်ဘူး "

Gyuvinရဲ့စကားလဲဆုံးရော Yujinရဲ့မျက်နှာလေးမှာ ဆူပုတ်သွားသည်။Gyuvinမှာလဲမျက်နှာကိုတည်ထားရသည်။မဟုတ်တာကိုအလိုလိုက်လို့မဖြစ်ပါဘူး။

dance clubeကသူတွေစုပြီး
ဒီညနေဘားကိုသွားကြမယ်ဟုဆိုသည်။အခုမှအသက်ပြည့်ခါစကလေးကို အဲ့လိုနေရာတွေနဲ့
မထိတွေ့စေချင်တာကြောင့်
Gyuvinကသူတို့၂ယောက်လုံး
မလိုက်တော့ဘူးဟုငြင်းလိုက်တော့ Han Yujinတို့Gyuvinကိုလာ​ ဂျစ်နေသည်။

အမှန်ဆိုGyuvinလဲ အရင်က ကလပ်တို့ဘားတို့ဆိုခဏခဏသွားတက်ပေမဲ့ Yujinနဲ့တဲွဲပြီးထဲက
အဲ့ဘက်တွေယောင်လို့တောင်
မသွားဖြစ်တော့တာ။သူငယ်ချင်းတွေခေါ်ရင်တောင်ငြင်းတက်လာတာမို့ Gyuvinကိုအကုန်ဆဲရေးနေကြသေးသည်။

ဒါကိုအရှေ့ကအဆိုးလေးကတော့
Gyuvinကိုဆန္ဒတွေပြနေလေပြီ။
စီနီယာအစ်မတွေဘားသွားမည်ဟုဆိုလိုက်တော့အရောင်လက်သွားတဲ့မျက်လုံးလေးတွေမြင်ပေမဲ့လဲ
ထိုနေရာတွေက တစ်ခေါက်ရောက်ဖူးပြီးသွားတာနဲ့ နောက်အထပ်ထပ်အခါခါထပ်သွားမိချင်မိနေမှာ။

"ကိုကိုကလဲ ရောက်ဖူးအောင်သွားကြည့်ချင်တယ်လို့ "

Han Yujinလေးကလဲ
လက္မလျော့ Gyuvinရဲ့လက်ကိုတွဲခိုထားပြီးတော့ကို ဘေးကနေလက္မခံမချင်းတတွတ်တွတ်နဲ့
အပူကပ်နေသည်။

"ကိုကိုပြောတော့ ၁၈ပြည့်ပြီးရင်
ကျွန်တော့်အလိုလိုက္မယ်ဆို"

"မင်းလေးအရက်သောက်ချင်တာဆို ကိုယ်သပ်သပ်တိုက္မယ်....
ကိုယ်တို့ဟန်မြစ်မှာသွားသောက်ကြမယ်လေ မင်းပဲဟိုတစ်ခါက
အဲ့မှာသောက်ကြည့်ချင်တာဆို"

"ဘားမှာပိုပျော်ဖို့ကောင်းတာပါဆို"

"မင်းရောက်ဖူးလို့လား "

"dance clubကသူငယ်ချင်းတွေပြောနေကြတာကို"

"မရဘူး "

အပြတ်ပြောလိုက်ပြန်တော့
Gyuvinရဲ့ပုခုံးကိုခေါင်းလေးကမှီလာသည်။အလိုလိုနေရင်းတောင်ချစ်ဖို့ကောင်းနေတဲ့ကောင်လေးက
သူလိုချင်တာရဖို့ ကြောင်ပေါက်လေးတွေလိုမျိုးGyuvinကိုချွဲနေသည်။

Heart Sharker (Completed)Where stories live. Discover now