Part-22

1.1K 125 8
                                    


ဒီနေ့ကYujinတို့finalစာမေးပွဲဖြေပြီးလို့နောက်ဆုံးနေ့ဖြစ်သည်။
စာမေးပွဲပြီးလို့ကျောင်းတွေလဲပိတ်ပြီဖြစ်တာကြောင့် Yujinတို့လဲကျောင်းပိတ်ရက် အိမ်ပြန်ကြမည်ဖြစ်သည်။

ဲအမှန်ဆိုYujinလဲအိမ်ပြန်ရမည်ကိုပင်မေ့နေခဲ့တာ။ကိုကို့ကိုလဲ စကား
မကြုံတာနဲ့မပြောဖြစ်ခဲ့ဘူး။အခုမှ
Yujinလဲအိမ်ပြန်ရတော့မည်ဟုပြောလိုက်တော့မှ ကိုကို့မျက္နှာဟာသုန်မှုန်သွားပြီး အလိုမကျဖြစ်သွားဟန်တူသည်။

"အဲ့​ေတာ ့ဘယ်နေ့ပြန်မှာလဲ "

မျက္မှောင်ကြီးကြုတ်ပြီးမေးလာသည်ကလန့်စရာ။Yujinလဲအတက်နိုင်ဆုံးမျက်နှာငယ်လေးလုပ်ထားရသည်။ထို့နောက်အသံသေးသေးလေးနှင့် ပြန်ဖြေလိုက်သည်။

"သဘက်ခါ...."

"ကြိုလဲမပြောဘူးကွာ....ဒီလောက်ကပ်နေပြီကို "

ပြောနေရင်းနဲ့ကားကိုလဲလမ်းဘေးထိုးရပ်လိုက်သည့်ကိုကို။Yujinတို့အခုစာမေးပွဲဖြေပြီးသည်နှင့် နှစ်ယောက်အတူတူdateကြရန်အပြင်ထွက်လာကြတာဖြစ်သည်။

Yujinလဲပြန်မယ့်အကြောင်းစကားစပ်မိတာနဲ့ပြောမိသွားတာ။ကိုကို့ရဲ့တုံ့ပြန်ပုံကိုမြင်ပြီး အခုပြောမိတာမှားပြီဟုပင်ထင်မိသည်။ပြန်ခါနီးမှပြောပြလိုက်ရမှာ။

"ကျွန်တော်လဲစကားမစပ်မိတာနဲ့ပြောဖို့်ကိုမေ့နေတာ "

"ကိုယ်တို့ပြန်အဆင်ပြေတာဖြင့်
မကြာသေးဘူး ခွဲရအုံးမှာလား "

Yujinလဲကိုကိုနဲ့မခွဲချင်ပေမဲ့ ဖေဖေနဲ့မေမေတို့ကိုလဲသတိရနေပြီဖြစ်သည်။Yujinအိမ်နဲ့ခွဲနေခဲ့ရတာ၁နှစ်တောင်ရှိပြီဖြစ်တာကြောင့်
အရမ်းလဲလွမ်းနေပါပြီ။

ဒါပေမဲ့ကိုကိုနဲ့ခွဲရမှာကိုလဲမကြိုက်ပါ။အခုကနောက်စာသင်နှစ်စမှပဲ
ဒီကိုပြန်လာရမှာဆိုတော့ နှစ်လသုံးလလောက်တော့ ကိုကိုနဲ့ခွဲရမည်ထင်သည်။

Yujinအလိုဆို၁ပတ်လောက်တော့ဒီမှာဆက်နေချင်သေးပေမဲ့ အိမ်ကလဲမနက်ဖြန်တောင်ချက်ချင်းပြန်လာခိုင်းနေတာ။Gunwookတို့ကလဲတော်တော်လေးကိုပြန်ချင်နေကြပြီဖြစ်တာကြောင့် သဘက်ခါပြန်ကြဖို့ပဲဆုံးဖြတ်လိုက်ရသည်။

Heart Sharker (Completed)Where stories live. Discover now