Part-3

921 114 0
                                    

Yujinတို့ဒီနေ့တော့လူ၁၀တစ်ဖွဲ့ စီခွဲပြီးစီနီယာတွေနဲ့အကစသင်ရတော့မှာဖြစ်သည်။

ထို့ကြောင့်စီနီယာတွေရောက္မလာခင် လွတ်လွတ်လပ်လပ်နှင့် အကုန်လုံးကစကားပြောတဲ့သူကပြော အကပြန်ကျင့်တဲ့သူက ကျင့်နှင့်စောင့်နေကြသည်။

သူငယ်ချင်းမရှိသေးသည့်
Yujin ကတော့ ထောင့်လေးမှာထိုင်လျက်နှင့်နားကြပ်လေးတပ်၍ အကဗီဒီယိုတွေကိုပြန်ကြည့်နေရင်းနဲ့စောင့်နေရသည်။

တကယ့်အကမှာထိပ်တန်းစီနီယာတွေနဲ့လေ့ကျင့်ရတော့မှာဆိုတော​့
Yujinရင်တုန်နေရပါသည်။

ကျွီ...

ထိုစဥ်တံခါးဖွင့်သံကြောင့် Yujinမော့ကြည့်လိုက်တော့
မျက်လုံးလှလှလေးတွေမှာအလန့်တကြားပြူးသွားရသည်။

ဒီလူ....

အံ့ဩမှုကြောင့် Yujinရဲ့ပါးစပ်လေးမှာလဲပွင့်အသွားရင်းနဲ့ အလန့်တကြားကြောင်ကြည့်နေမိတော့သည်။

ထိုလူဝင်လာတာနှင့် အခန်းထဲရှိအကုန်လုံးဆီမှ အော်သံတွေထွက်လာတာကြောင့် Yujinအသိစိတ်ပြန်ကပ်လိုက်ရသည်။

"hello..အစ်ကိုက Kim Gyuvinပါ
အကုန်လုံးသိကြတယ်ဟုတ်..."

ပြုံးပြုံးရီရီနဲ့တက်တက်ကြွကြွနှုတ်ဆက်သွားသည့်သူကြောင့်
Yujinရဲ့ဒုတိယအကြိမ်အံဩမှုကထပ်မှန်ရောက်လာပြန်သည်။
Yujinကြားကြားနေတဲ့ကောင်မလေးတွေပါးစပ်ဖျားက
Kim Gyuvinဆိုတာ ဒီလူပေါ့....

marketမှာYujinကိုပိုက်ဆံရှင်းပေးသွားသည့်လူ....Yujinနဲ့အတူတူခွေးပေါက်လေးကိုစောင့်ပေးသွားသည့်လူ...

Yujinကအကုန်လုံးရဲ့နောက်ဆုံးမှာတန်းစီနေတာကြောင့် ထိုလူကတော့ Yujinကိုမြင်ရမည်မထင်ပါ။

ဘာမဆိုင်ညာမဆိုင်နဲ့ထိုလူပြောသွားခဲ့ဖူးသည့်
'၃ကြိမ်မြောက်ပြန်တွေ့ရင်ဖူးစာပဲနော်'ဟူသည့်စကားကိုတောင် ပြန်ကြားယောင်မိသွားတာကြောင့် Yujinခေါင်းလေးတွေကိုခါထုတ်လိုက္မိသည်။

"Han Yujin shii....ခေါင်းတွေခါထုတ်နေတာ...ကိုယ်ပြောတာနားမလည်လို့လား..."

သူလဲYujinကိုမြင်သွားတာပေါ့...
by nameတပ်ပြီးခေါ်လိုက်သည့်သူကြောင့်အကုန်လုံးရဲ့အာရုံကYujinဆီရောက်လာကြသည်။

Heart Sharker (Completed)Where stories live. Discover now