Part-5

1K 108 1
                                    

Yujinအတန်းချိန်နှစ်ချိန်လောက်တက်ပြီးdance clubကိုရောက်သည်နှင့်စီနီယာ့ကိုအရင်ရှာလိုက်သည်။

သို့သော်စီနီယာမရောက်သေးပါဟူသည့်အစ်မတွေရဲ့စကားကြောင့်
Yujinမှာစိတ်ညစ်သွားရပြန်သည်။
Yujinကိုစိတ်ဆိုးလို့မလာတာလား။

နေ့လည်လောက်ထိစီနီယာဟာ
ရောက္မလာခဲ့ပါ။စီနီယာ့အစား
စီနီယာJunYoungကYujinတို့ကို
အစားဝင်သင်ပေးသည်။

fresher welcomeအတွက်
ကျောင်းstageမှာဖျော်ဖြေဖို့Yujinတို့တေွဆက်တိုက်ကိုအကလေ့ကျင့်နေရသည်။
စီနီယာမရှိတာကြောင့်ဒီနေ့စိတ်ကသိပ်မပါချင်....

Yujinစီနီယာ့ကိုဖုန်းဆက်ချင်ပေမဲ့လဲ Yujinရဲ့ဖုန်းကိုမကိုင်မှာစိုးရိမ်ပြီးတွန့်ဆုတ်နေခဲ့တာဖြစ်သည်။
စီနီယာသာYujinရဲ့ဖုန်းကိုမကိုင်ရင် Yujinဝမ်းနည်းရမှာ...။

Yujinရေသောက်ရင်းနဲ့အဝတ်လှဲခန်းထဲကခုံမှာထိုင်လိုက်ရင်းအမောဖြေနေလိုက်သည်။
ဒီရက်ပိုင်းတကယ်ပင်ပန်းတာ။



ထိုစဥ်စီနီယာJunYoungက
ေရာက်လာပြီး

"Yujinnie...အမောပြေသောက်လိုက်အုံး "

Yujinရဲ့လက်ထဲကိုBubble Tea
ထည့်ပေးလာတာကြောင့် Yujinလဲကျေးဇူးတင်စွာနဲ့လက်ခံလိုက်သည်။ပုံမှန်ဆိုBubble Teaသိပ်
မကြိုက်ပေမဲ့ အခုတော့ဘာလို့မှန်းမသိသောက်ချင်လာသည်။

"ကျေးဇူးတင်ပါတယ်
စီနီယာJunYoung...ကျွန်တော့စိတ်ထဲသောက်ချင်နေခဲ့တာ "

"ကျေးဇူးတင်ရင် အစ်ကိုလို့ပဲခေါ်..စီနီယာဆိုတာကြီးကအရမ်းစိမ်းနေသလိုပဲ "

ကျိမ်းသေပေါက်Yujinနဲ့စီနီယာJunYoungက အရမ်းကြီးရင်းနှီးတာလဲမဟုတ်ဘူးမလား။

ဒါပေမဲ့လဲအရင်တစ်ခါကဟော့ပေါ့နဲ့ အခုbubble teaမျက်နှာကရှိသေးတာမို့

"ဟုတ်ကဲ့ပါဗျာ...ကျွန်တော့်ကိုမုန့်တွေဝယ်ကျွေးထားတော့...စီနီယာ့သဘောတိုင်းခေါ်ပါ့မယ် "

"အခုတောင်စီနီယာခေါ်ပြန်ပြီ"

ထိုအခါမှာတော့YujinရောစီနီယာJun Young​ေရာ၂ယောက်လုံးရီမိသွားရသည်။

Heart Sharker (Completed)Where stories live. Discover now