Part-25

916 115 5
                                    

Gyuvinမှာ တစ်ရက်တစ်ရက်ကို
ကမ္ဘာပျက်သလိုခံစားနေရသည်။
အဓိကကတော့လွမ်းနာကျနေတာလေ။သူ့ကိုပစ်ပြီးဟိုမှာပျော်ရွှင်နေတဲ့ကောင်လေးကိုအရမ်းလွမ်းနေပါသည်။

Gyuvinဖြစ်ချင်တာက ဒီလိုခွဲနေရရင်တောင် အချိန်တိုင်းမှာဖုန်းလေးပြောလိုက်စာလေးပို့လိုက်နဲ့ တစ်နေကုန်Gyuvinကိုအချိန်ပေးနေစေချင်တာ။သူဟိုမှာဘယ်ရောက်နေလဲ ဘာလုပ်နေတယ်ဆိုတာလေးကအစ Gyuvinဆီလှမ်းလှမ်းပြီး​ပြောနေစေချင်တာ။

အခုဒီကောင်လေးကတော့ ညဘက်အိပ်ခါနီးအချိန်မှသာ Gyuvinကိုအဖက်လုပ်သည်။ဒါတောင် သူ့အိမ်ကသူတွေအသံကြားမှာစိုးလို့ဆိုပြီး
ဖုန်းကိုသေချာမပြောရ။တစ်ချက်တစ်ချက် ညဘက်လိုင်းပေါ်မှာစကားပြောနေရင်းနဲ့တောင် တစ်နေကုန်လျောက်သွားထားရတာပင်ပန်းလို့ဆိုပြီး Gyuvinနဲ့စကား ပြောနေရင်းတန်းလန်း အိပ်ပျော်သွားတက်သေးသည်။

Gyuvinကစိတ်ဆိုးသလိုဖြစ်နေပြီဆိုလဲ

'ကိုကိုကလဲ ကျွန်တော်ကဒီကိုခဏပြန်ရောက်တုန်းလေးဒီလိုနေရတာလေ ​နောက်ကျအဲ့ကိုပြန်လာရင် ကိုကိုနဲ့ပဲအမြဲတွေ့နေရ​ေတာ့မှာကို ဒီလောက်လေးတောင်စိတ်မရှည်ချင်တော့ဘူးလား ပြော '

အဲ့လိုမျိုးကိုသနားချင်စရာ၊ချစ်စရာအသံ​လေးနဲ့ ပြောလာရင်Gyuvinမှာစိတ်ဆိုးချင်တာလေးတွေအကုန်
ကြက်ပျောက်ငှက်ပျောက်။

အင်း သူ့မိသားစု၊ဆွေမျိုးတွေကိုဆိုသိပ်ချစ်တက်တဲ့ကောင်လေးကို ချစ်သူတော်ထားရတော့လဲ Gyuvinကပဲ အလိုက်သင့်လေးနားလည်ပေး​ေနရပါသည်။

Gyuvinလဲလွမ်းတဲ့စိတ်လေးအနည်းငယ်ပြေအောင်ပဲဖြစ်ဖြစ် တစ်ခါတစ်လေdance clubဘက်သို့ခြေဦးလှည့်၍အကvideoလေးတွေသွားသွားရိုက်လိုက်သေးသည်။ပြီးရင် တစ်ဦးတည်းသောကောင်လေးဆီသို့ ပို့ပေးလိုက်သေးသည်။

ထိုအခါတိုင်း

'ကျောင်းပိတ်တာတောင် အဲ့dance clubကိုပဲခဏခဏသွားနေတာ ဘယ်သူရှိလို့လဲ ကိုကိုနော် '

'ဘယ်သူရှိရမှာလဲကွာ မင်းကိုလွမ်းလွန်းလို့ သက်သာရာသက်သာငြားခန္ဓာကိုယ်ကိုအလုပ်ပေးနေတာ "

Heart Sharker (Completed)Where stories live. Discover now