Part-27

1K 122 10
                                    

"ကိုကို! "

Yujinမှာအခုထိအိပ်ချင်များမပြေသေးတာလားဟု မျက်လုံးလေးကိုပင် တစ်ချက်ဆွဲပွတ်လိုက်ရင်း
တစ်ဖန်ထပ်၍ မျက်လုံးလေးပြူးပြဲကြည့်မိပါသော်လဲ သူမမှားပေ။
တကယ်ကိုကို။

ဒီမနက်ကိုကိုHaoတို့်အိမ်မှာအိပ်ကောင်းနေဆဲဖြစ်သည့် Yujinကိုမေမေကဖုန်းဆက်ပြီး Yujin
ဧည့်သည်ရောက်နေတယ်ဟုဆိုလာတာမို့ Yujinမထချင်ထချင်နဲ့ထလာရတာ။

အိပ်ချင်မူးတူးလေးနဲ့မျက်နှာတွေဘာတွေထသစ်လာဖို့ကိုတောင်သတိမရပဲ လာတုန်းကယူလာတဲ့ယုန်ရုပ်ကြီးကိုပြန်ဆွဲကိုင်လာ၍ ​အိမ်ပြန်လမ်းတစ်လျှောက်လုံးဘယ်ကလာမှန်း
မသိသည့်ဧည့်သည်ကိုလဲ မကျေမချမ်းလေးနဲ့ ပွစိပွစိလေးနဲ့အပြစ်တင်လာသေးတာ။Yujinကိုအိပ်ရေးပျက်အောင်လုပ်လို့လေ။

အခုတော့ဘယ်လိုမှမထင်မှတ်ထားတဲ့သူကြောင့် အိပ်ချင်နေတဲ့မျက်လုံးလေးတွေတောင်ထပ်ပြီးမအိပ်ချင်တော့။

ဘယ်ကနေဘယ်လိုရောက်နေမှန်း
မသိသည့်သူကို ဧည့်ခန်းထဲမှာဖေဖေတို့က ကျကျနနဧည့်ခံနေသည်။Yujinကအခုအိမ်အဝင်ဝမှာပဲရပ်နေတာဖြစ်ပြီး ဆိုဖာမှာထိုင်နေသည့်သူကတော့ Yujinကိုကျောပေးထားတာကြောင့်မြင်ရမည်မထင်။

ညတုန်းကဖုန်းထဲမှာ Yujinကျေနပ်အောင်ချော့မည်ဟုဆိုတာကို ဒီတိုင်းဖုန်းထဲကနေပဲချော့မည်ထင်ခဲ့ပေမဲ့
အခုတောလူကိုပါအကောင်လိုက်ကြီးမြင်လိုက်ရတာမို့ မယုံနိုင်သေး။


ပြီးတော့ ပြီးတော့ Yujinရဲ့အခုပုံစံက အရမ်းကိုစိတ်ပျက်စရာကြီးဖြစ်နေတာကို။ညတုန်းက ကိုကိုHaoတို့အိမ်မှာအဆင်သင့်ရှိနေသည့် ယုန်ပေါက်ရုပ်တွေပါတဲ့ညအိပ်ဝတ်စုံကိုလဲဝတ်ထားတာမို့ အရမ်းကိုကလေးလိုဖြစ်နေပါသည်။

မျက်နှာလဲမသစ်ခဲ့ပဲဒီတိုင်းအိပ်ယာထခါစပုံနဲ့ထွက်လာခဲ့တာမို့ ဆံပင်​
တွေ ဟာလဲရှုပ်ပွနေပြီး အရမ်းအရမ်းကိုဆိုးရွားနေတာလို့။လက်ထဲမှာလဲ Yujinရဲ့အမြွှာလိုယုန်အရုပ်ကြီးကရှိနေသေးတာ။အကြာကြီးနေမှပြန်တွေ့ရတာကို Yujinရဲ့ဒီလိုပုံကြီးနဲ့တွေ့ရမှာလား။

Heart Sharker (Completed)Where stories live. Discover now