Part-6

1K 101 0
                                    

Yujinရဲ့ဆယ်ကျော်သက်အရွယ်ရင်ခုန်သံဟာ စီနီယာနဲ့စသည်။
စီနီယာအတွက်တော့Yujinဟာပထမဆုံးမဟုတ်လောက်ပေမဲ့
Yujinအတွက်တော့စီနီယာဟာ
အချစ်ဦး၊ရည်းစားဦးပင်ဖြစ်သည်။

ထို့ကြောင့်ပထမဆုံးရည်းစားထားဖူးတဲ့၁၆နှစ်သားလေးYujinဟာ
စီနီယာရဲ့အပြောတွေ၊ဂရုစိုက္မှုတွေအောက္မှာပြားပြားဝပ်နေရတော့သည်။

စီနီယာ့ဆီကflirtတဲ့စကားလေးတစ်ခွန်းနှစ်ခွန်းကြားရင်တောင်
Yujinမှာတစ်ကိုယ်လုံးတုန်လှုပ်နေမိပြီး ရင်တွေအရမ်းခုန်ရသည်။

စီနီယာဟာအရမ်းလဲသဝန်တိုတက်သေးသည်။ကျောင်းမှာလဲ
Gunwookနဲ့Taeraeကလွဲရင်ဘယ်သူနဲ့မှအပေါင်းသင်းမလုပ်ခိုင်းပါ။

dance clubမှာဆိုရင်လဲ Yujinသူကလဲဲပြီးတခြားသူတွေနဲ့စကားလေးပြောရင်တောင်မကြိုက်တာကြောင့် Yujinမှာစီနီယာအစ်မတွေနဲ့တောင်စကားသိပ်မပြောရဲတော့ပေ။

အခုလဲစီနီယာနဲ့စာပို့နေရင်း
ပြုံးစိပြုံးစိဖြစ်နေတဲ့Yujinကို
Taeraeကမသင်္ကာသလိုလာကြည့်နေတာကြောင့် Yujinဖုန်းကိုမသိမသာနဲ့ပြန်ပိတ်လိုက်ရင်း

"ဘာလဲ...ဘာလို့ကြည့်နေတာလဲ"

"ဘာမှမဟုတ်ပါဘူး ထူးဆန်းနေလားလို့ပါ..."

"ဘာထူးဆန်းတာလဲ လူကိုများ"

"မင်းပုံစံက အရမ်းကိုချိုမြနေသလိုမို့လို့်လေ...ဘာလဲရည်းစားရနေပြီလား"

Yujinပုံစံကအရမ်းသိသာနေလို့လား...အ​င​်းလေ အဲ့ဒီKim Taeraeက အရမ်းကိုအကဲခတ်တော်တာYujinမေ့သွားတာ။

"ဘယ်ကရည်းစားရရမှာလဲ...
မင်းနော်...ပေါက်ကရတွေလာပြောနေတာ..."

"မဟုတ်ဘူးလား...မင်းကအလကားနေအဲ့ဖုန်းပဲကြည့်ပြီးရီနေတာကို...အရင်ကအဲ့လိုမဟုတ်ပါဘူး..."

"ငါ..ငါ့ဘာသာဟာသတွေ့လို့ရီတာတောင် ရီလို့မရဘူးလား "

သူ့ကိုကပ်ကပ်လန်နေအောင်ရန်ပြန်တွေ့သွားပြီးအခန်းထဲဝင်သွားတဲ့Yujinကြောင့်ခေါင်းသာခါ
လိုက္မိတော့သည်။

အခန်းထဲရောက်တော့
KoKo ဆိုသည့်nicknameလေးမှ
ဖုန်းကဝင်လာခဲ့သည်။Yujinချက်ချင်းကိုင်လိုက်တော့

Heart Sharker (Completed)Where stories live. Discover now