Part-13

1.1K 116 2
                                    

ဒီအပတ် ပိတ်ရက္မှာတော့
Yujinအပြင်မထွက်တော့ပဲ
အိမ်မှာပဲ Gunwookတို့နဲ့
ထမင်းလိပ်လုပ်စားကြမည်ဖြစ်သည်။

မနက်စောစောထဲက ၃ယောက်အတူတူလိုအပ်တာတွေသွားဝယ်ထားကြပြီးဖြစ်သည်။Yujinရည်းစားလေးရပြီးထဲကသူတို့နဲ့အချိန်မဖြုန်းဖြစ်တော့တာ။အားတဲ့အချိန်တိုင်း ကိုကိုနဲ့ပဲတွေ့နေရတာကိုး။

ကိုကိုက ကျောင်းအသွားပြန်လုပ်တာကအစ သူပဲလိုက်ပို့လိုက်ကြိုလုပ်ပေးသည်။ကျောင်းမှာဆိုလဲအတန်းအားတဲ့အချိန်တွေဆို Yujinဆီပဲအမြဲလာနေတက်တာကြောင့် အခုဆိုဆရာ ဆရာမတွေကအစ သူတို့အကြောင်းကိုသိနေကြပြီ။

ကျောင်းပိတ်ရက်တွေမှာဆိုလဲ
သူနဲ့အမြဲတွေ့နေမှကြိုက်သည်။
မနက်အစောကြီးထဲကလာခေါ်သွားတာ ညနေမှောင်ခါနီးမှသာပြန်ပို့တက်သည်။

Yujinကတစ်ရက်တစ်လေလေး
Gunwookတို့နဲ့ကျောင်းအတူသွားမိရင်တောင် သူနဲ့မသွားလို့ဆိုပြီးစိတ်ဆိုးတက်သေးတာ။ပိတ်
ရက္မှာလဲသူနဲ့ ေတွ့ဖို့​ငြင်းမိရင်စိတ်ဆိုးသွားရော ။

ဒီနေ့တစ်ရက်တောင်မှအိမ်မှာမုန့်လုပ်စားကြမို့ဆိုပြီး အတင်းပြောထားရတာ။ဒါကစိတ်ကဆိုးချင်နေတာရယ်။Yujinရဲ့ချစ်စရာကောင်းမှုတွေနဲ့အနိုင်ယူထားရတာလေ။

အရင်ကYujinဆိုရင်တော့ ဒီလိုအနှောင်ဖွဲ့တွေကိုမကြိုက်ပေမဲ့
အခုတော့Yujinချစ်ရတဲ့လူသားပဲမို့
ကျေနပ်နေမိတော့တာပါပဲ။ကိုယ့် ရည်းစားကမှ ကိုယ့်ကိုနေ့တိုင်းတွေ့ချင်နေတာကြီးကို ဘယ်သူကမကြိုက်ပဲနေမှာလဲနော်။.....

Gunwookနဲ့Taeraeတို့တောင်မှ
အရင်လိုကိုကို့အပေါ် အပြစ်ပြောတာတွေမရှိတော့။ကျောင်းမှာ
ကိုကို့ရဲ့သဲကဲမှုတွေကိုသူတို့လဲမြင်ရတယ်လေ။ပိုကိုပိုလွန်းတယ်ဆိုပြီးတောင်ပြောနေကြသေးတယ်။

အခုလဲထမင်းလိပ်လုပ်စားကြတယ်သာပြောပေမဲ့ Yujinကတော့ဒီတိုင်းစားဖို့စောင့်နေရုံပဲ။
ဟို၂ယောာက်ကသာ မီးဖိုချောင်ထဲအလုပ်ရှုပ်နေတာ ​အဲ့တာတွေကYujinနဲ့လဲမဆိုင်ပါဘူးလေ။....

Yujinရဲ့အလုပ်ကတော့ ဧည့်ခန်းကဆိုဖာပေါ်မှာမှောက်ယက်လေးနေ၍ ရည်းစားလေးနဲ့chatနေရတယ်လေ။

Heart Sharker (Completed)Donde viven las historias. Descúbrelo ahora