Part-29

1.1K 122 3
                                    

Yujinတို့နှစ်ယောက်ဟာဧည့်ခန်းထဲမှာဝင်ထိုင်နေသည်အထိ မျက်နှာလေးတွေကိုအောက်သို့ငုံ့နေမိသည်။
သူတို့နှစ်ယောက်ကိုမြင်သွားခဲ့သည့်ဖေဖေတို့ဟာ ဘာမှပင်မပြောသေးပဲ
အိမ်ထဲသို့ပြန်ဝင်လာကာ ဧည့်ခန်းထဲမှာဝင်ထိုင်ပြီးငြိမ်နေတာမို့ Yujinတို့နှစ်ယောက်ကပါ အနောက်ကနေလိုက်လာပြီးဖေဖေတို့ရှေ့ဝင်ထိုင်ရသည်။

Yujinဟာခေါင်းလေးကိုမဝံ့မရဲလေးမိဘနှစ်ပါးဖြစ်သူကို မော့ကြည့်လိုက်တော့ နှစ်ယောက်လုံးဟာစိတ်ဆိုးဒေါသထွက်နေသည့်ဟန်တော့မရှိပေမဲ့ ပုံမှန်ထက်ပင်တည်ငြိမ်နေပြီးစကားကိုစမပြောလာသေးတာမို့ Yujinအောက်နှုတ်ခမ်းလေးကို
ဖိကိုက္မိလိုက်သည်။

Yujinတို့အ​ကြောင်းကိုတစ်နေ့တော့သိမယ်ဆိုပေမဲ့လဲ အခုလိုကြီးဗြုန်းစားကြီးသိသွားခဲ့တာကို Yujinဟာအဆင်သင့်မဖြစ်သေးပါ။
ဘေးကနေကိုကိုကလဲ သူမဟုတ်သလိုငြိမ်ကုတ်နေသေးသည်။

လုပ်ချင်တာလုပ်ပြီးမှကြောက်နေတာ
စိတ်ထဲကတော့အဲ့ကိုကိုကို မကျေနပ်လို့နှုတ်ခမ်းလေးကထော်နေပြီ။လူကိုဆွဲလားရမ်းလား ဖက်လိုက်နမ်းလိုက်နဲ့လာလာလုပ်နေလို့ မေမေတို့မြင်သွားရတာ။

ဟင်း..

ဖေဖေ့ဆီမှသက်ပြင်းချသံ​လေးကြားလိုက်ရသည့်အခါ Yujinရဲ့မျက်နှာလေးဟာငိုချင်နေရပြီ။
သူတော့အဆူခံရတော့မှာလား။
ခေါင်းကိုသာအောက်ငုံ့ထားပြီး ကြမ်းပြင်ထက်ကိုသာအကြည့်တို့ပို့ထားရသည်။

"ကဲ ခေါင်းကိုငုံ့ပဲငုံ့ထားတော့မှာလား၂ယောက်လုံး တစ်ခုခုဖြေရှင်းချက်ပေးသင့်တယ်မဟုတ်ဘူးလား "

Yujinရဲ့ဖေဖေဟာ ခေါင်းကိုပင်မဖော်လာကြတော့တဲ့ကလေး
နှစ်ယောက်ကိုကြည့်၍ နောက်ဆုံးတော့ကိုယ်ကသာအရင်စပြောလိုက်ရတော့သည်။

အိမ်ကသားလေးကတော့ ငိုတော့
မည့်ပုံမို့ လေသံလဲသွားမမာရဲ။သူပြောလိုက်တော့Gyuvinကတော့ခေါင်းကိုမဝံတရဲလေးမော့ကြည့်လာပြီးမှ ပြန်ငုံ့သွားပြန်သည်။

ဒီက​လေးတွေကတော့ တကယ်ပဲသူတို့ရဲ့ပက်သက္မှုကို သူနဲ့Yujin မေမေဟာလုံးဝမရိပ်မိခဲ့ဘူးများထင်နေတာလားမသိပါဘူး။

Heart Sharker (Completed)Where stories live. Discover now