Part-26

995 121 3
                                    

တစ်နေ့လုံးတက်တက်ကြွကြွလဲမရှိပဲ
ဖုန်းကိုသာကြည့်ပြီး မှုိင်တွေနေကာမျက်နှာလေးမဲ့တဲ့တဲ့ဖြစ်နေတဲ့ Yujinကိုအိမ်ကလူတွေလဲ အရိပ်
တကြည့်ကြည့်နဲ့ ဖြစ်နေကြသည်။

အရင်ကဆိုမနက္မိုးလင်းတာနဲ့တက်ကြွကာ အိမ်လျောက်လည်နေတဲ့
က​လေးက ဒီနေ့တော့အိမ်ထဲအောင်းနေပြီး မျက်နှာလေးမလန်းတာမို့
ဘာဖြစ်နေလဲဆိုပြီး စိတ်ပူနေကြသည်။

မေးတော့လဲဘာမှမဖြစ်ဘူးဟုသာဘူးခံငြင်းနေတာမို့ အတင်းအကျပ်လဲဘယ်သူမှမမေးချင်တာမို့ ဒီတိုင်းသာလွှတ်ထားလိုက်တော့သည်။

Han Yujinရဲ့ဖြစ်ပျက်နေပုံကို Gunwookနဲ့Taeraeကတော့မြင်ရုံနဲ့သိပါသည်။ဟိုစီနီယာကြောင့်မှမဟုတ်ရင် ဘယ်သူ့ကြောင့်Yujinကဒီလိုဖြစ်ရအုံးမှာလဲ။

"Yujinnie...စီနီယာGyuvinနဲ့အဆင်မပြေလို့လား "

"မသိဘူး ငါ့ကိုအဲ့လူအကြောင်းလာမပြောနဲ့သိလား နာမည်ကိုကြားချင်မနေဘူး "

Taeraeရဲ့အ​မေးကို သူ့နားလေးနှစ်ဖက်ကိုပါလက်နဲ့ပိတ်ထားလိုက်ရင်း
တုံ့ပြန်လိုက်သည်ကြောင့် ပိုသေချာသွားရပါသည်။

"အဲ့တာဆို မင်းဘာလို့ အခန်းထဲဝင်ပြီးမှိုင်တွေနေရတာတုန်း "

"မှုိင်တွေနေစရာလား ဒီတိုင်းဘာမှကိုလုပ်ချင်စိတ်ရှိမနေလို့ ဒီတိုင်းနေနေရုံပဲ အား...တကယ်မုန်းချင်စရာကြီး ဘာလို့ဖုန်းတစ်ချက်တောင်မဆက်ရတာလဲ "

ပြောနေရင်းအကောင်းကိုမှ ဘာတွေထဖောက်နေမှန်းမသိ အနားမှာရှိတဲ့ယုန်အရုပ်​ကြီးကိုဆွဲယူပြီး လက်လေးနဲ့နှစ်ချက်သုံးချက်ရိုက်လိုက်ကာ
လွှင့်ပစ်လိုက်သေးသည်။

ဒီယုန်အရုပ်ကဆိုလ်းကနေဒီအထိHan Yujinတို့ရအောင်သယ်ယူလာတာ။ဘာလဲ အဲ့အရုပ်မရှိရင်
မအိပ်တက်လို့ဆိုလား။အဲ့တာကြီးကိုရအောင်သယ်လာလို့ Gunwookတောင်ဆူနေသေးတာ။

"သူ့ဘာသာနေတဲ့ယုန်အရုပ်ကိုဘာလို့နှိပ်ဆက်နေရတာတုန်း မင်းပဲမခွဲနိုင်လို့ဒီအထိသယ်လာတာမဟုတ်ဘူးလား "

"မသိဘူး မုန်းလို့ မုန်းချင်စရာကောင်းတယ် "

"ဟုတ်လား အဲ့တာဆိုလဲဟိုဘက်ခြံက ကလေးလေးကိုငါသွားပေး
လိုက္မယ်လေ "

Heart Sharker (Completed)Where stories live. Discover now