Part-31(Final)

1.1K 106 15
                                    

"စာတွေကများလာလို့အရမ်းစိတ်ညစ်တာပဲကိုကိုရယ် "

စာလုပ်ပျင်းတဲ့ငပျင်းလေးကို Gyuvinမှာအိမ်ခေါ်၍ စာကြည့်စားပွဲရှေ့ကိုထိုင်ခိုင်းထားရသည်။တစ်နှစ်လုံးလုံးစာအုပ်ကိုလုံးဝမထိပဲ နောက်ဆုံးစာမေးပွဲရောက်ခါနီးမှ ဘာကိုလုပ်လို့လုပ်ရမှန်းမသိပဲ အပျင်းတစ်နေသေးသည့်ကောင်လေးကိုGyuvinမှာခြိမ်းလားခြောက်လားနဲ့ စာလုပ်ခိုင်းရတာလဲ နှစ်တိုင်းလိုကိုဖြစ်နေတာ အခုဆိုနောက်ဆုံးနှစ်တောင်ရောက်လာခဲ့ပြီ။

အခုဆိုကျောင်းမှာGyuvinကလဲမရှိတော့ HanYujinတို့အရမ်းကိုလွတ်လပ်ရေးတွေရနေတာလေ။
သူ့အစ်ကိုတွေဆီကနေ 'အတန်းချိန်တွေမတက်ပဲdance clubမှာပဲအချိန်ဖြုန်းနေတာလေ'ဆိုတဲ့တိုင်တောသံ​လေးတွေသာကြားရသည်။ ။

Gyuvinကလဲကျောင်းပြီးတာနဲ့
ဒယ်ဒီ့ကုမ္ပဏီမှာအလုပ်သင်ဝင်ဆင်းနေတာမို့ အရင်လိုHan Yujin​လေးအနားမှာပဲကပ်တွယ်နေချိန်ဟာသိပ်မရှိတော့။ဒါပေမဲ့လဲရရင်ရသလို HanYujinနဲ့အဆက်သွယ်ကိုတော့
မပြတ်အောင်လုပ်ပါသည်။

အခုလဲပိတ်ရက်ကို Gyuvinမှာ
သခင်ငယ်လေးကို စာအတူတူလုပ်ပေးဖို့ တိုက်ခန်းကိုခေါ်လာရသည်။
ေနာက်ဆုံးနှစ်သာရောက်လာတာ ပထမနှစ်ထဲက စာမလုပ်ချင်တဲ့
အကျင့်လေးက လုံးဝမပျောက်သွား။

"စာမေးပွဲနီးနေပြီလေ Yujinnie စာလုပ်ဖို့ပြင်ရမှာပေါ့ကွ.."

"ခဏလောက်နားလို့မရဘူးလား မူးလာပြီလို့ "

စာကြည့်စားပွဲမှာထိုင်တာဖြင့်နာရီဝက်တောင်မပြည့်သေး ထုံးစံအတိုင်းငြီးငြူသံလေးဟာထွက်လာသည်။

ဒီစာကြည့်စားပွဲကိုထိုင်ဖို့အရေး Gyuvinမှာ စားချင်တာတွေမှာပေးရ
လိုချင်တာတွေမှာပေးရနဲ့
အာပေါက္မတက်ချော့ပြောထားရတာ။နှဖူးလေးကိုခပ်ဖွဖွတစ်ချက်တောက္ပေးလိုက်ပြီး

"မင်းဖြေရမှာနောက်ဆုံးနှစ်နော် အရေးကြီးတယ်သိရဲ့လား ဟင်"

"မသိဘူး...ပုံတစ်ပုံလောက်ဆွဲပြီးမှပြန်လုပ်လို့မရဘူးလား...မမဆီကို
ဒီညပို့ပေးမယ်ပြောထားတာ..."

နောက်ပိုင်းမှGyuvinသိခဲ့ရတာက
ဒီကလေးဟာ ပုံဆွဲတော်တယ်ဆိုတာပါပဲ။တကယ်ကိုစာကလွဲရင်အကုန်တော်နေတာ။

Heart Sharker (Completed)Where stories live. Discover now